ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ပိုင်တဲ့ အိမ်ရှေ့က တရားမဝင်တော့တဲ့ NLD ပါတီဆိုင်းဘုတ်တွေကိုဖြုတ်ချ

❝ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ပိုင်တဲ့ အိမ်ရှေ့က တရားမဝင်တော့တဲ့ NLD ပါတီဆိုင်းဘုတ်တွေကိုဖြုတ်ချ❞

        ≋တရားမဝင်တော့တဲ့ ပါတီဆိုင်းဘုတ်ကိုဖြတ်ချတာ မထူးဆန်းပေမယ့် အဲဒီဓာတ်ပုံ BBC လက်ထဲရောက်သွားတာ ထူးဆန်းနေတယ်လို့ အွန်လိုင်းစောင့်ကြည့်သူတွေပြော≋



မဲခိုးမှုအပါအဝင် လာဘ်စားမှုတွေနဲ့ပါ ထောင်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ အမွေဆိုင်နေအိမ်ရှေ့က NLD ပါတီဆိုင်းဘုတ်တွေကို တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၂ ရက် ည၁၀ နာရီခွဲလောက်မှာလာရောက်ဖြုတ်ချလိုက်ကြောင်း 𝘽𝘽𝘾 သတင်းမှာ ဖော်ပြထားတယ်လို့ အွန်လိုင်းစောင့်ကြည့်သူတွေက 𝙈𝙃𝙏 𝙉𝙚𝙬𝙨 ကိုပြောပါတယ်။

လက်ရှိမှာ NLD ပါတီဟာ ဥပဒေအရ တရားမဝင်တော့တဲ့ ပါတီဖြစ်လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချရမှာဖြစ်တာကြောင့် အထူးအဆန်းမဟုတ်ပေမယ့် Public Area မဟုတ်တဲ့နေရာက ဓာတ်ပုံဟာ 𝘽𝘽𝘾 လက်ထဲ ရောက်သွားတာကတော့ ထူးဆန်းနေတယ်လို့ အွန်လိုင်းစောင့်ကြည့်သူတစ်ဦးက ဆိုပါတယ်။

❝တကယ်ဆို အဲဒီနေရာမှာ လုံခြုံရေးရဲကင်းရှိတယ်။ ပြီးတော့ အဲဒီနေရာဟာ Public Area မဟုတ်ဘူး။ နောက်တစ်ချက်က အဲဒီဓာတ်ပုံဟာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေဘက်က သတင်းအတွက်ဆိုပြီး တရားဝင်ထုတ်ပေးထားတာမျိုး၊ ထုတ်ပြန်တာမျိုးမရှိဘူးလို့ ကျွန်တော်တို့လေ့လာသိရှိရတယ်။ ဒါဆိုရင် အဲဒီဓာတ်ပုံက 𝘽𝘽𝘾 လက်ထဲကို ဘယ်လိုရောက်တာလဲ စဥ်းစားစရာဖြစ်နေတာပေါ့။ ရှင်ဘုရင် ဘယ်ကထွက်သလဲပေါ့ဗျာ။❞ လို့ အွန်လိုင်းစောင့်ကြည့်သူတစ်ဦးက ပြောပြခဲ့တာပါ။

အဲဒီဆိုင်းဘုတ်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အရပ်ဝတ်တွေဝတ်ဆင်ထားတဲ့လူတစ်စုက အကြောင်းကြားမှုမရှိဘဲ လာရောက်ဖြုတ်ချသွားတာဖြစ်ကြောင်းနဲ့ ခြံဝင်းအပြင်ဘက်မှာရှိတဲ့ရဲကင်းက ရဲတပ်ဖွဲ့ဝင်တွေကလည်း ‌မေးမြန်းပြောဆိုတာမရှိဘူးလို့ သိရတဲ့အကြောင်း အဲဒီသတင်းမှာ ဖော်ပြထားတယ်လို့ အွန်လိုင်းစောင့်ကြည့်သူတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post