ရမည်းသင်းမြို့နယ် ရန်ကုန် – မန္တလေးအမြန်လမ်းရှိ သပြေစမ်းရဲကင်းအား အကြမ်းဖက် P D F များက လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေး


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ နယ်၊ သပြေစမ်းကျေးရွာအနီး ရန်ကုန် – မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၅၀/ ၀ ဖာလုံရှိ သပြေစမ်းရဲကင်းအား ယမန်နေ့ နံနက် ၂ နာရီခွဲ အချိန်ခန့်တွင်  အကြမ်းဖက် PDF အင်အား ၂၀ ဦးခန့်က ရဲကင်းမြောက်ဘက်ကုန်းအမြင့်မှ လာရောက်ပစ်ခတ်။

ထိုသို့ လာရောက်ပစ်ခတ်ခဲ့ရာ သပြေစမ်းရဲ ကင်းမှ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ် ခတ်သဖြင့် ၁၀ မိနစ်ခန့်အကြာတွင် အ ကြမ်းဖက် P D F များ သပြေစမ်းရဲကင်း မြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာထွက် ပြေးသွားသည် ဟုဆိုသည်။

ဖြစ်စဥ်တွင် သပြေစမ်းရဲကင်းရှိ လူ/လက် နက်/ခဲယမ်း ဆုံးရှုံးထိခိုက်မှု မရှိကြောင်း၊ဖြစ်စဥ်ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ကြောင်း ၃ ကြောင်းခွဲ၍ လိုက်လံရှင်း လင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

crd***PAN
#JBT

Post a Comment

Previous Post Next Post