ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက် PDF များမှ လျှပ်စစ်တာဝါတိုင် ၂ တိုင်အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

နို၀င်ဘာ ၁၉ရက် နံနက် ၇နာရီခွဲအချိန် ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်  ကမာနက်ဓာတ်အားခွဲရုံနှင့် သာယာကုန်းဓာတ်အား ခွဲရုံတို့အားသွယ်တန်းထားသော ဆုံကုန်းကျေးရွာမြောက်ဘက် ကွင်းအမှတ်(၁၈၇/က)ရှိ ဦးလှမိုးဇော် ၏လယ်ထဲ အမှတ်(၄၄) လျှပ်စစ်တာဝါတိုင်နှင့် ဦးသိန်းဝင်း ၏လယ်ထဲ အမှတ် (၄၅)လျှပ်စစ်တာဝါတိုင်တို့အား အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)များမှ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါဓါတ်တိုင် ၂ တိုင်မှာပြိုလဲကာ ဓာတ်ကြိုးများလမ်းမပေါ်သို့ကျခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲ့မှ အခင်းဖြစ်အရပ်သို့ရောက်ရှိစစ်ဆေးရာ လျှပ်စစ်တာဝါတိုင် ၂ တိုင်၏ အောက်ခြေတိုင် ၄ တိုင်တို့မှာ ပြတ်တောက်ပြိုလဲပျက်စီးကာ တန်ဖိုးငွေ သိန်း ၃၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းတွေ့ရှိရ၍  ပူးပေါင်းအဖွဲ့မှ အခင်းဖြစ်နေရာအနီးဝန်ကျင်အား အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်ခဲ့ရာ ထူးခြားမှုမရှိ
ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  မမစ(ညောင်လေးပင်)(ပ)၁၉၁/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Vital

Post a Comment

Previous Post Next Post