AA အဖွဲ့၏ မူးယစ်ကုန်ကူးမှုများ (၃)


၃၁-၅-၂၀၂၀ ရက်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကန်သာယာ(အထက်)ရွာရှိ ရွှေသိန်းဆိုသူရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေတယ်။ ရွှေသိန်းကိုတော့ မတွေ့ဘူး၊ ရွှေသိန်းရဲ့ မိန်းမ ဒေါ်ဦးမစိန်၊ ဆိုးမောင်၊ ဝင်းမြင့်အောင်၊ ချစ်ထူး၊ ကျော်ကျော်နိုင်၊ ကျော်မင်း တို့ ၆ ဦးအား ပစ္စတို ၁ လက်နဲ့အတူ ကားဂိုဒေါင်အတွင်းရှိ ကား ၂ စီးမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၄ သိန်းပြား)၊ ကာလတန်ဖိုး ကျပ် ၄.၈ ဘီလီယံခန့် ဖမ်းဆီးရမိခဲ့။

တရားခံများရဲ့ ဖြောင့်ချက်အရ အဆိုပါမူးယစ်ဆေးများဟာ မလေးရှားနိုင်ငံသို့ ပို့ဆောင်ရမှာဖြစ်ပြီး ပိုင်ဆိုင်သူက AA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိ ခိုင်သုခ ဖြစ်ကြောင်း၊ ၎င်းတို့သည် မူးယစ်ဆေးများကို -
လမ်းကြောင်း(၁) = မန္တလေး - စစ်ကိုင်း - မုံရွာ - ကလေးဝ - ကလေး - တီးတိန် - တွန်းဇံ - ဒါရ်ခိုင်။
လမ်းကြောင်း(၂) = မန္တလေး - စစ်ကိုင်း - မုံရွာ - ကလေးဝ - ကလေး -တီးတိန် - ရိဒ်။
လမ်းကြောင်း(၃) = မန္တလေး - စစ်ကိုင်း - မုံရွာ - ပုလဲ - ဂန့်ဂေါ - ဟားခါး - ထန်တလန်။
လမ်းကြောင်း(၄) = မန္တလေး - မိတ္ထီလာ - ပျော်ဘွယ် - နတ်မောက် - မကွေး - ပဒါန်း - အမ်း - မင်းပြား - မြောက်ဦး - ကျောက်တော်။
စတဲ့ လမ်း ၄ ခုအနက် အဆင်ပြေသည့်လမ်းကြောင်းမှ မူးယစ်ဆေးဝါးများကို အကြိမ်ကြိမ် သယ်ယူခဲ့။ ရခိုင်မှတစ်ဆင့် ဖြန့်ချိလိုတဲ့နိုင်ငံများသို့ ရေလမ်းကြောင်းမှ စက်လှေများဖြင့် ဘင်ဂါလီလူမျိုးများ အကူအညီဖြင့် ပေးပို့ခဲ့ကြောင်း သိရှိရ။
-
အိမ်ပိုင်ရှင် ရွှေသိန်းမှာ AA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ပြီး မြောက်ဦးမြို့နှင့် ကျောက်တော်မြို့ရှိ ရခိုင်လူငယ်များထံသို့လည်း WY များ လက်လီ/လက်ကား ဖြန့်ချိလျက်ရှိကြောင်း၊ ၎င်းအနေနဲ့ မူးယစ်ဆေးဝါး တန်ဖိုး၏ ၁၅ % ကို ရယူပြီး သယ်ဆောင်ပေးသူများအား ၅ % ပေး၍ ကျန်ပိုက်ဆံများအား လိုင်ဇာရှိ ခိုင်သုခထံ ပေးပို့ရကြောင်း စစ်ဆေးသိရှိရ။
-
ဇာတ်ပေါင်းသော် AA အဖွဲ့က ဘင်ဂါလီတွေနဲ့ပေါင်းပြီး ရခိုင်ပြည်နယ်နဲ့ အခြားနိုင်ငံတွေကို ကုန်ကူးပို့ဆောင် နေမှတော့ ရခိုင်လူငယ်တွေ မူးယစ်ဆေးစွဲတာ မဆန်းကြယ်လှပါဘူး။ AA ရဲ့လုပ်ရပ်က ကိုယ့်လူမျိုးကို မူးယစ်သားကောင်အဖြစ် ဖျက်ဆီးပြီး ဘင်တွေ လက်ထဲ ထည့်ပေးနေသလားလို့တောင် ထင်မိပါတယ်။

အပိုင်း-၁
https://t.me/kothetjournalist/57884
အပိုင်း-၂

https://t.me/kothetjournalist/57962
(အပိုင်း-၄ ဆက်လာမယ်)

#KT

သတင်းမှန်များဖတ်ရန် KT Channel လေးကို နှိပ်ပါ။

Post a Comment

Previous Post Next Post