မောင်တောမြို့ရှိ တမန်းသားရွာသားများကို AA အကြမ်းဖက်သူများက မောင်းထုတ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာအတွင်းဝင်ရောက်


မောင်တောမြို့နယ် မြောက်ပိုင်းရှိ မွတ်ဆလင်ကျေးရွာတစ်ခုဖြစ်သည့် တမန်းသားရွာသို့ ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိလာပြီး ရွာသားများကို ရွာအတွင်းမှ ထွက်ခွာသွားရန် ခြိမ်းခြောက်မောင်းထုတ်ခဲ့သည့်အပြင် ရွာအတွင်းရှိ နေအိမ်များတွင်လည်း ဝင်ရောက်နေထိုင်နေလျက်ရှိကြောင်း သိရသည်။

ထိုသို့မောင်းထုတ်မှုကြောင့် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ တမန်းသားရွာသားများမှာ အနီးဝန်းကျင်ကျေးရွာများဖြစ်သော သက်ကိုင်ညာ၊ ခုန်တိုင်၊ သစ်တုံးနားခွ၊ နန်းရာကိုင်းကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာအတွင်းနေထိုင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအနက် အချို့တဝက်မှာ ရွာအတွင်းရှိနေအိမ်များမှ ဆန်/စပါးနှင့် အိမ်မွေးတိရိစ္ဆာန်များကို ရိက္ခာအဖြစ် ၎င်းတို့၏စခန်းသို့ ယူဆောင်သွားကြသည်ဟု အဆိုပါရွာသားများက ပြောကြားခဲ့သည်။

#MayYuHtarNay

Post a Comment

Previous Post Next Post