အရမ်းပင်ပန်းနေပေမဲ့ အားတင်းထားပါ

မင်းအရမ်းပင်ပန်းနေပြီလား ညီလေး
မင်းပင်ပန်းလို့ဆိုပြီး နားလိုမရဘူး။
မင်းကို အားကိုးနေတဲ့ ပြည်သူတွေရှိသေးတယ်။

မင်းအရမ်းနွမ်းလျနေပြီလား ညီလေး
အားမလျှော့လိုက်ပါနဲ့။
မင်းလက်မောင်းကို အားကိုးနေတဲ့
အေးချမ်းစွာနေလိုတဲ့ ပြည်သူအများစု
ရှိသေးတယ်။

မင်းအရမ်းအိပ်ချင်နေပြီလား ညီလေး
မအိပ်လိုက်ပါနဲ့အုံး။
မင်းပခုံးကို မှီပြီး ပညာသင်ကြားနေတဲ့
ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ ရှိသေးတယ်။

မင်းအရမ်းဖျားချင်နေလား ညီလေး
ဆေးနား မယူလိုက်ပါနဲ့အုံး။
မင်းစောင့်ရှောက်ပေးရမဲ့ ပြည်သူတွေ
ဒုနဲ့ဒေး။

မင်းတန်းဖြုတ်ရင်
မင်းပြည်သူတွေ သူတို့ သတ်သွားလိမ့်မယ်။
crd
#dgf21news

Post a Comment

Previous Post Next Post