ငြိမ်းချမ်းရေးဆွေးနွေးကြသည်ဆိုတာရဲ့ အလွန်


မကြာသေးခင်ရက်များက ဗိုလ်ချုပ်ဇော်မင်းထွန်း ရဲ့ MNDAA ၊ TNLA ၊ AA မြောက်ပိုင်းအဖွဲ့တွေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ မှ တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံ ရဲ့ အကူအညီဖြင့် တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သတင်းထထုတ်ပြန်တယ်။ အဲ့အပေါ်မှာ ဒီချိန်ထိ ဂယက်တွေရိုက်နေကြတာ ပေါ့။
တစ်ဖက်က ဘာထဖွလဲဆိုရင် “လောက်ကိုင်ကနေ ဘယ်နှစ်နာရီအတွင်း ဆုတ်ပေးဖို့ စစ်တပ်က သဘောတူတယ်” ဆိုပြီး ခပ်တည်တည်နဲ့ ထဖွတာ။ အဲ့ သတင်းထပ်ပိုပြီး စိတ်မကောင်းစရာကောင်းတာက မိမိ တပ်မတော်ထောက်ခံသူတွေနှင့် တပ်မတော်သားဟောင်း တချို့ရဲ့ အားမလိုအားမရ Status တွေကြောင့် လက်ရှိ စစ်မြေပြင်မှ တိုက်နေတဲ့ စစ်သည်အချို့ စိတ်ထိခိုက်ရတာပါပဲ။
ဆိုတော့ တိုတိုနဲ့လိုရင်းကိုပဲ တင်ပြပါမယ်။ ခုချိန်ထိ နှစ်ဖက်သတင်းထုတ်ပြန်မှု၊ တရုတ်ရဲ့ သတင်းထုတ်ပြန်မှုနဲ့ သတင်းဌာနတွေရဲ့ ထုတ်ပြန်မှုကို ယှဉ်ထိုးမယ်။ နောက် ကြားရတဲ့ သတင်းတွေကို ယှဉ်ထိုးမယ်ဆိုရင်တော့
-NSPAC ခေါ် (ငြိမ်းချမ်းရေးကော်မတီ) နဲ့ မြောက်ပိုင်းသုံးဖွဲ့နဲ့တွေ့ဆုံချိန်က ၂၇ နာရီပဲကြာမြင့်တယ်။
-နောက် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရဲ့ သတင်းတွေအရတော့ တပ်နဲ့ MNDAA ပဲ တွေ့တာ။ ကျန်တဲ့ ၂ ဖွဲ့က သပ်သပ်ကိုလိုက်လာတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။
-ဆွေးနွေးပွဲမှာ ဘယ်သူ့ဘယ်သူကမှ နယ်မြေခွဲခြမ်းရေးကိစ္စမပြောခဲ့ကြဘဲ ယာယီ အပစ် အခတ်ရပ်စဲရေးဆိုတာမျိုးကိုပဲ ဦးတည်တယ်။
-လောက်ကိုင်ကနေ ဆုတ်ရမယ်တို့၊ မုံးကိုးကို ပေးရမည်တို့၊ နမ့်ဆလပ်ထိပဲ တပ်က နေရမယ်တို့၊ အထူးဒေသပေးရမယ်တို့ဆိုတာ MNDAA ကလည်း တစ်ခွန်းမှမဟခဲ့သလို NSPAC ကလဲ ပေးပါမယ်ခင်ဗျာလို့ ပြောခဲ့ခြင်းမရှိဘူး။ ဒါကို သန်းစိုးနိုင် ဆိုတဲ့ ဘာလေ့လာသူဆိုပြီး ကိုယ့်ဘာသာကိုယ် ကင်ပွန်းတပ်ထားတဲ့ ငတိက မသိရင် သူပဲ ဘေးကနေထိုင်ကြည့်နေတာလိုလို သတင်းဌာနကိုဖြေတယ်။ ဟိုကလဲ ကာယကံရှင် တပ်နဲ့ MNDAA ကိုမမေးပဲ ယုံကြည်စွာ ဖော်ပြတယ်။ အံ့အားသင့်ရပါတယ်။ သူတို့ပြော သလိုသာ လောက်ကိုင်ကို ဆုတ်ပေးရမယ်ဆိုရင် ခုလောက်ဆို တပ်တွေ ရွေ့နေပြီပေါ့။ လောက်ကိုင်အခြေစိုက် တပ်ရင်းက အများကြီးရှိတယ်။ ခွာမယ်ဆိုရင် ခုကတည်းက ကြို ခွာရမှာ။ ဒါပေမဲ့ ဟိုက တုတ်တုတ်တောင်မလှုပ်သေးဘူး။ ဟိုရက်က ဆန့်ကျင်ဘက် အဖွဲ့ အစည်းရဲ့ သတင်းတစ်ပုဒ်မှာလဲတွေ့လိုက်တယ်။ လောက်ကိုင်ကနေ တပ်ကခွာမဲ့ အရိပ် အယောင်မရှိဘူးဆိုတာ။
-ထူးခြားတဲ့ ရလာဒ်က အပစ်အခတ်ရပ်စဲရေးအပြင် ဖမ်းဆီးခံထားရတဲ့ အရာရှိ/စစ်သည်/ မှီခို မိသားစုဝင် ၂၀၀ ကျော် ကို MNDAA ကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ ကတိကဝတ် ရခဲ့တယ်လို့ ကြားတယ်။

လိုရင်းကတော့ဒါပဲ။ ၃ ရက်ကြာဆွေးနွေးပွဲမှာ ဟိုဟာပေးမယ်၊ ဒီဟာပေးမယ် ဆိုတဲ့ ဆွေးနွေးချက်က ဖြစ်နိုင်ပါ့မလား စဉ်းစားပြီး လက်သင့်ခံကြပါ။
တပ်မတော်သားဟောင်းတွေနဲ့ တပ်မတော်ထောက်ခံသူ အချို့ ကတော့ သူတို့ ချစ်တဲ့ သူတို့ ထောက်ခံတဲ့ တပ်မတော်ကြီးကို အားမလိုအားမရလို့ ပြောကြဆိုကြတာ။ သို့သော် အဲ့စာတွေ ဖတ်ပြီး တစ်ဖက်က စိတ်ဓာတ်စစ်ဆင်စရာမလိုပဲ စိတ်ဓာတ်တွေ ထိခိုက်သွားစေတယ်ဆိုတာတော့ သတိထားပေးကြပါခင်ဗျ။
နောက်တစ်ခု ဆွေးနွေးပွဲ။ တစ်ဖက်က ပြောနေသလို တပ်က ရှုံးနေလို့ သွားတွေ့တာမဟုတ်ပါဘူး။ ဒုတိယဝန်ကြီးချုပ် ခရီးစဉ်မှာ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနဲ့တွေ့ဆုံစဉ် သူတို့ ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့တဲ့ ကိစ္စပြောရင်း ယူနန်ပြည်နယ်အစိုးရက ကမကထလုပ်ပြီး ဆွေးနွေးပေးဖို့လုပ်တဲ့ပွဲဖြစ် တယ်။ မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ လက်ရှိမှာ စစ်ရေးအရ မြို့အချို့ကို သိမ်းဆည်းထားပြီး လောက်ကိုင်ကို တိုက်ခိုက်ဖို့ကျန်တဲ့အချိန်မှာ သူ့ဘက်က စဉ်းစားကြည့်ရင်လဲ တွေ့ချင် မှာ မဟုတ်ဘူး။ ခုလိုတွေ့တာဟာ အောက်မှာ တိုက်ခိုက်ရင်း သေကုန်တဲ့ MNDAA၊ TNLA၊ AA တပ်ဖွဲ့ဝင်တွေကို မျက်နှာပူရမှာပဲ။ ဆိုတော့ ရှင်းရှင်း ပြောရရင် တရုတ်ရဲ့ ယူနန်ပြည်နယ်အစိုးရကလုပ်ပေးတဲ့ပွဲပဲ။ တပ်က လုပ်ပါဗျာ။ တွေ့ပါဗျာ လို့ တစ်ခွန်းမှသွားပြောခဲ့ခြင်းမရှိပါဘူးဆိုတာလဲ သိရှိရပါတယ်။
ဆိုတော့ ခုဆွေးနွေးပွဲအလွန်မှာ တပ်နဲ့ MNDAA အဖွဲ့ထိတွေ့မှုမရှိလောက်အောင် ကို ရှားသွားတယ်လို့ မြေပြင်ကသတင်းတွေအရ ပြောလို့ရတယ်။ ဟ .. ဟေ့ကောင်ရ တိုက်နေတုန်းပဲ နမ့်ခမ်းစခန်းသစ် ဆိုရင် အဲ့ဒါ TNLA တိုက်တာပါလို့ပဲ အဖြေရပါတယ်။ လက်ရှိမှာ MNDAA ကပဲ လောလောဆယ်အနေနဲ့ စခန်းတွေသိမ်းဆည်းနိုင်ထားပေမဲ့ TNLA နဲ့ AA တို့မှာ ဘာဆိုဘာမှ ကြီးကြီးမားမား လောက်လောက်လားလား အမြတ် မထွက်သေးဘူး။ ဒါကို TNLA အနေနဲ့ စိတ်ထဲ သိပ်မသက်မသာဖြစ်တာလားတော့မသိ။ နမ့်ခမ်းစခန်းသစ်အပြင် နေရာစုံမှာ တိုက်ကွက်တွေဖော်နေတာဖြစ်မယ်လို့ ယူဆရတယ်။
စာချစ်သူများနဲ့ တပ်မတော်ချစ်သူများကို ဆောင်းပါး နိချုံးခုတ် တင်ပြရမယ် ဆိုရင် တပ်မတော်သည် လက်ရှိအနေအထားမှာ ရန်သူ့ တိုက်စစ်ကို ဟန့်တားထိန်းချုပ် နေဆဲဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ အစောပိုင်းမှာ Drop Bomb ကြောင့် တပ်တွေ Shock ရသွားပေမဲ့ လက်ရှိမှာတော့ တချို့နေရာတွေမှာ EW ပစ္စည်းတွေရောက်ရှိပြီး ရန်သူ့ Drone တွေ ရာနဲ့ချီ ပျက်ကျတယ်ဆိုတာလဲ ကြားလာရပါတယ်။ တပ်မတော် အနေနဲ့

စစ်မီးပတ်ချာလည်ဝိုင်းနေတဲ့ အချိန်မို့လို့ တချို့နေရာတွေမှာ ခေတ္တ ခွာစစ်ဆင်ရ တာတွေရှိပါတယ်။ ဒါပေမဲ့ သတိထားရမှာက တပ်မတော်တိုက်နေတာ EAOs တစ်ဖွဲ့ တည်းမဟုတ်ပါဘူး။ စုစုပေါင်းကို အဖွဲ့ ၁၀ ဖွဲ့လောက်ရှိတယ်။ ဒီကြားထဲ ဟို PDF ဒီ PDF ဆိုပြီး မွစာကျဲနေတဲ့ ငတိတွေမပါသေးဘူး။ အဲ့လိုအခြေအနေမှာ တပ်မတော် အကြီးအကဲ တွေနဲ့ တပ်မတော်သားတွေ သူတို့ တတ်နိုင်တာ အစွမ်းကုန်ကြိးစားဆောင်ရွက်နေကြ ပါတယ်ခင်ဗျ။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား။ ဟို့လူ့ အပြစ်တင် ဒီလူ့ အပြစ်တင် လုပ်နေတာသည် တစ်ဖက်ရန်သူ ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးမဆင်နွှဲရသေးခင် ကိုယ့်အချင်း ချင်း စိတ်ဓာတ်စစ်ဆင်ရေးတွေ အခမဲ့ ဝင်လုပ်နေသလိုဖြစ်တာမို့ နည်းနည်းလေး သတိပြုပေးကြဖို့ အကြံပြုတင်ပြပါတယ်ခင်ဗျာ။ တပ်မတော်ချစ်သူတွေနိုင်ချင်တာထက် လက်ရှိ တပ်မတော်သား အရာရှိ/စစ်သည် တွေက ပိုလို့တောင် နိုင်ချင်ပါသေးသည် ခင်ဗျာ။ နိုင်မည်ဟုလဲ ယုံကြည်ပါသည်ခင်ဗျာ

ဓာတ်ပုံ - အွန်လိုင်းပေါ်မှ ဓာတ်ပုံအဟောင်းအား ကူးယူသုံးစွဲခြင်းဖြစ်ပါသည်။

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post