ကိုယ်လုပ်ချင်ရာလုပ်ပြီး တသက်စာတော့ ဖူလုံသွားကြတာပေါ့

ဒီတော်လှန်ရေးမှာ အောင်မြင်တာ တစ်ခုပဲရှိတယ်။ အဲဒါဘာလဲဆိုတော့ အလှူခံတတ်သွားတာ တစ်ခုပဲရှိတယ်။ ပြည်သူတွေကို ဂျင်းထည့်ပြီး နည်းမျိုးစုံနဲ့ မလှူထိုက်တဲ့ အလှူတစ်ခုကို ဘယ်လို အလှူခံရမလဲဆိုတာကို ဟိုဘက် ရပ်ကွက်က တော်တော်လေးအောင်အောင်မြင်မြင်နဲ့ တတ်မြောက်သွားတာပဲ။ ဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ ဘာအကျိုးအမြတ်ရသွားလဲ မေးကြရင် ခေတ်ပျက်ကြီးထဲ စီးပွားရှာသလိုပေါ့ စာရင်းဇယားလည်း ပြစရာမလိုတော့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်လုပ်ချင်ရာလုပ်ပြီး တသက်စာတော့ ဖူလုံသွားကြတာပေါ့။ တချို့တွေက သိပါတယ်။ ဒီတော်လှန်ရေးက မအောင်မြင်ဘူးဆိုတာ။ ဒါပေမယ့် ရသလောက်တော့ အထုတ်အထည်နဲ့ သိမ်းကြုံးယူသွားရမယ်ဆိုတဲ့ အကြံရှိတဲ့သူကတော့ တော်လှန်ရေး မအောင်လည်း သာသာယာယာနဲ့ နေသွားရုံပဲပေါ့။#DGF

Post a Comment

Previous Post Next Post