အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း လေ့ကျင့်ရေး၌ အခြေခံမှစ၍ ကောင်းရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


“အစကောင်းမှ အနှောင်း သေချာ” ဆိုသည့်အတိုင်း လေ့ကျင့်ရေး၌ အခြေခံ အစကတည်းက ကောင်းရန်လိုကြောင်း ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများ အား ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။  
ထို့ပြင် ခေတ်သစ်စစ်ပွဲများတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ တိုးတက်စေရေးအတွက် စစ်ဘက်နည်းပညာရပ်ဆိုင်ရာများ တိုးတက်ရေး၊ အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့်လျော်ညီမှုရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း၊ စွမ်းရည်ရှိသည့်တပ်မတော်တစ်ရပ်ဖြစ်စေရေး ကြိုတင်မျှော်မှန်းပြီးပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး ပြည်ပနိုင်ငံများသို့ တပ်မတော်သားအရာရှိများကို စေလွှတ်သင်ကြားစေခဲ့ပြီး လက်ရှိအချိန်တွင်လည်း တက်ရောက်လျက်ရှိကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post