လျစ်လျူရှုပြီး နေကြတော့မှာလား.

MNDAA က သိန်းနီမြို့မှာ အုပ်ချုပ်ရေးယန္တရား လုပ်ဖို့အတွက် ရွာသူကြီးတွေကို ခေါ်ပြီး အရေးကြီးအချက်(၆) ချက်ကို လိုက်နာဖို့ အမိန့်ထုတ်ပြန်လိုက်တယ်ဆိုပဲ...အမိန့်တွေက နောက်ထား...MNDAA ဟာ သိန်းနီမြို့က ဒေသခံရှမ်းလူမျိုးတွေိရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး ပြန်လည်ပြုပြင်မပေးတဲ့အပြင် ယူလို့ရတာတွေကို အကုန်ယူနေကြတုန်း...ဒါတင်ပဲလားဆိုတော့ နေအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ရှမ်းလူမျိုးတွေကို ပြန်ခေါ်ပြီး MNDAA အဖွဲ့ထဲ မဝင်မနေရ လူသစ်စုနေပြီး ပြန်မလာရင် နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို မောင်ပိုင်စီးဖို့ ခြိမ်းခြောက်နေပြန်တယ်...
အနှစ်နှစ်အလလ တည်ဆောက်ထားရတဲ့ ရှမ်းလူမျိုးတွေရဲ့ နေအိမ်တွေဟာ MNDAA တွေကြောင့် ပျက်စီးခဲ့ရပြီး ကိုယ့်လူမျိုးတွေ အဓမ္မလူသစ်စုခံနေရတာကို ကြည့်နေနိုင်တဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာလွဲခဲပစ်လုပ်ရပ်ကိုလည်း အံ့ဩလို့ မဆုံးဘူး...ရှမ်းလူမျိုးတွေကို ကာကွယ်မယ်ဆိုပြီး လက်နက်ကိုင်နေကြတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ MNDAA က ကိုယ့်လူမျိုးတွေကို အနိုင်ကျင့်ဖမ်းဆီးနေတာကို လျစ်လျူရှုပြီး နေကြတော့မှာလား...#DGF

Post a Comment

Previous Post Next Post