အလွန်အောက်တန်းကျ သေးသိမ်နုံဖျင်းတဲ့ လုပ်ရပ်

MNDAA အဖွဲ့က တိုက်ပွဲရှောင် နေရပ်ပြန်သူတွေကို ဖမ်းဆီးရာမှာ တရုတ်နဲ့ကိုးကန့်လူမျိုးကလွဲရင် အကုန်လုံးကိုဖမ်းဆီးထားပြီး အစာရေစာမကျွေးဘဲ ချုပ်နှောင်ထားကာ နှိပ်စက်နေတယ်လို့ သိရပါတယ်...နေ့ရောညပါ ခံစစ်ကျင်းများတူးခိုင်းခြင်း၊ လက်နက်နဲ့ ရိက္ခာများသယ်ခိုင်းခြင်းများကို ထမင်းမကျွေးဘဲ ခိုင်းစေနေပြီး တိရစ္ဆာန်လို ဆက်ဆံနေတာပဲဖြစ်ပါတယ်...အဖမ်းခံရသူများရဲ့ မိသားစုများကို ပိုက်ဆံပေးမှ လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ထားပြီး တောင်းခံတဲ့ ပမာဏက အလွန်များပြားလွန်းတာကြောင့် မပေးနိုင်ဘဲ ဒုက္ခရောက်နေကြရပါတယ်...MNDAA ဟာ ရန်စကျူးကျော်တိုက်ခိုက်တဲ့အပြင် လူမျိုးရေးခွဲခြားပြီး ဖမ်းဆီးနှိပ်စက် ခြိမ်းခြောက်ငွေညှစ်နေခြင်းဟာ အလွန်အောက်တန်းကျ သေးသိမ်နုံဖျင်းတဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးကို အနိုင်ကျင့်စော်ကားနေတာပဲ ဖြစ်ပါတယ်...#DGF

Post a Comment

Previous Post Next Post