ပြဿနာက စီးပွါးရေးအရထက် နိုင်ငံကြီးတွေရဲ့ မဟာဗျူဟာတွေအတွက်ပါ အရေးပါနေတာ

တည်နေရာအရပဲကြည့်ကြည့်၊ ပထဝီအနေအထားအရပဲကြည့်ကြည့် မြန်မာဆိုတဲ့နိုင်ငံက တိုးတက်မယ်ဆို ဘယ်နိုင်ငံကမှတားလို့မရအောင် တိုးတက်သွားနိုင်မယ့် နိုင်ငံမျိုး။

ကုန်ပစ္စည်းမှန်သမျှ ရေလမ်းကပို့မလား၊ ကုန်းလမ်းက ပို့မလား တစ်ကမ္ဘာလုံးကို ပို့လို့ရတဲ့နိုင်ငံ။ ကိုယ့်တစ်နိုင်ငံအတွက်တင်မကဘူး၊ ဘေးပတ်ဝန်းကျင် နိုင်ငံအားလုံးအတွက်ပါ အရေးပါတယ်။

ပြဿနာက စီးပွါးရေးအရထက် နိုင်ငံကြီးတွေရဲ့ မဟာဗျူဟာတွေအတွက်ပါ အရေးပါနေတာ။ အမေရိကန်ရဲ့ တရုတ်ကိုဝိုင်းပတ်ပိတ်ဆို့တဲ့ မဟာဗျူဟာအရ မြန်မာနိုင်ငံဟာ တရုတ်ရဲ့အနောက်ဘက်ပင်လယ်ထွက်ပေါက်ကို ပိတ်ထားနိုင်လို့ အမေရိကန်နဲ့အနောက်အုပ်စုက မြန်မာကိုထိန်းချုပ်ချင်တယ်။ တရုတ်ကလည်း သူ့အမျိုးသားအကျိုးစီးပွါးအရမြန်မာနိုင်ငံထဲ အမေရိကန်အုပ်စု ဝင်လာမှာကို စိုးတယ်။ အမေရိကန်က သူ့အလိုကျဖြစ်မယ့်အုပ်စုကို အစိုးရဖြစ်အောင် မွေးတယ်။ တရုတ်က သူ့ရန်သူကာတဲ့အနေနဲ့ နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တွေ မွေးထားတယ်။

ကြားထဲမှာ ခံရတာက မြန်မာနိုင်ငံ။ ဘေးနိုင်ငံတွေရဲ့ အိမ်နီးချင်းကောင်း မပီသတာရယ်၊  အနောက်မျှော်ပြီးတိုင်းပြည်ဖျက်တဲ့သူတွေရယ်ကြောင့် ဒီနိုင်ငံက လုံးချာလည်လိုက်နေတာ ကြာပြီ။ ဒီနိုင်ငံ တိုးတက်ဖို့ဆိုရင် လက်နက်ကိုင်သူပုန်တွေ ပျောက်ရင်ပျောက်၊ မပျောက်ရင် တပ်မတော်ရဲ့အင်အားက အဆမတန်တောင့် တစ်ခုခု ဖြစ်ဖို့လိုတယ်။ ခုချိန်ကတော့ အဆိုးဆုံး။ ရှိသမျှနိုင်ငံစုံက လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို ပေါ်တင်ထောက်ပံ့နေကြတဲ့အချိန်ဆိုတော့ ဒီနိုင်ငံကို ကယ်တင်ဖို့ ၊ ဒီနိုင်ငံတည်ငြိမ်တိုးတက်ဖို့ မျှော်လင့်ချက်က တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပဲ ရှိတယ်။ တပ်မတော်ပျက်ရင် တိုင်းပြည်ပျက်ပြီ၊ နိုင်ငံပျောက်ပြီပဲ..။

ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံက ရုရှားနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်တယ်။ နှစ် ၃၀ ကျော် ဘက်စုံပိတ်ဆို့မှုတွေကြားထဲ လုံးလည်လိုက်နေတဲ့ ဒီနိုင်ငံအတွက် ဒါက ကစားကွက်အသစ်။ အနောက်အုပ်စုရဲ့ ဘက်စုံပိတ်ဆို့မှုတွေကြောင့် တိုးတက်သင့်သလောက်မတိုးတက်နေရတဲ့ နိုင်ငံတွေအားလုံး စုစည်းပြီး စီးပွါးရေးပုံစံသစ်တစ်ခုကို ဖော်ဆောင်နေကြတဲ့အချိန်မှ မြန်မာနိုင်ငံက အဲဒီစီးပွါးရေးပုံစံသစ်ကိူ ဦးဆောင်မယ့် နိုင်ငံနဲ့ ဆက်ဆံရေးအကောင်းဆုံးအနေအထားမှာ ရှိခဲ့တယ်။ ဆီစျေးတက်၊ကုန်စျေးနှုန်းတက်၊ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အချိန် ဘာမှမဖြစ်လာသေးတဲ့ သဘောတူညီမှုလေးတွေ ရတာကို တစ်ချို့တွေ အဆမတန်ဝမ်းသာကျေနပ်နေကြတယ်ဆိုတာ အဲဒါကြောင့်။

ဆီးရီးယား၊ဆူဒန်၊ယီမင်၊ အီရတ်၊လစ်ဗျားတို့လို ပြာပုံဖြစ်ပြီးမှ ပြန်ထရတာမျိုး မဟုတ်တာနဲ့တင် မျှော်လင့်ချက်က ပိုရှိတယ်..။
https://t.me/russianlanguageandcalturecenter
Credit: ဦးတိမ်

Post a Comment

Previous Post Next Post