ရယ်လို့မရတဲ့ အကြောင်းတရားတွေ


✅ပုံမှန်ဆိုရင်တော့ ဒီသတင်းက ရယ်ချင်စရာပဲ။ ဒါပေမယ့် ရယ်လို့မရတဲ့ အကြောင်းတရားတွေရှိနေတယ်။ ရုရှားရဲ့ သန်းကောစာရင်းထုတ်ပြန်ချက်တွေအရ လူငယ်အင်အားနဲ့ လူကြီးအင်အားအချိုးက အတော်လေး ဟ နေတယ်။ ဆိုလိုတာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျိုရွယ်သူအင်အား(တနည်းအားဖြင့်) အလုပ်လုပ်နိုင်တဲ့ လူငယ်ထု နည်းပါးလာတယ်ဆိုတဲ့အချက်ကို သူတို့သွားတွေ့တယ်။

✅ဆိုတော့...
ပြည်လုံးကျွတ် သန်းကောင်စာရင်းကောက်တာဟာ သိပ်အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ ဒီကရလာတဲ့ အချက်အလက်တွေ ကိုင်ပြီးမှ အစိုးရဖြစ်တဲ့သူက မူဝါဒတွေ ၊ ပေါ်လစီတွေ ချရတာဖြစ်တယ်။ ရမ်းပြီး စီမံကိန်းတွေ အကောင်အထည်ဖော်လို့မရဘူး။ ဘယ်အရာက နိမ့်ကျနေသလဲဆိုတာ စစ်တမ်းတွေကို အဓိက အားထားရတယ်။ ပြီးရင် အကောင်အထည်ဖော်ရတယ်ပေါ့။


✅၂၀၁၉ ကြားဖြတ် သန်းကောင်စာရင်းအရ မြန်မာဟာ လူငယ်အင်အားထု အရမ်းပေါများတယ်။ အလုပ်အကိုင်အခွင့်အလမ်းသာ ဖန်တီးပေးနိုင်ရင် ကိုယ်တွေနိုင်ငံအတွက် အင်မတန်ကောင်း အရွေ့တစ်ခုပဲ။ ကံဆိုးတာကတော့ စစ်ပွဲနဲ့ သွားကြုံလိုက်ရတာပဲ။

✅နောက်တစ်ခုရှိသေးတယ်။ ကိုယ်တွေနိုင်ငံမှာ ပါတီပဲ ကြည့်ကြည့်။ ဝန်ကြီးဌာနပဲ ကြည့်ကြည့်။ မျိုးဆက်တွေ "ဟ" နေပြီဆိုတဲ့ အချက်တချက်သွားတွေ့တယ်။ ခု မြန်မာကို လာနေတဲ့ ပြည်ပ Deplometic တွေမှာ လူငယ်လေးတွေ ပါလာတာကို သတိထားကြည့်ရင် ပိုပြီး သိသာတယ်။ ကိုယ်တွေရဲ့ အစိုးရ ဝန်ကြီးဌာနတွေမှာ အနည်းဆုံး ၆၀ တန်းပဲ။ မျိုးဆက် "ဟ" ရင် ဘာဖြစ်သလဲ ဆိုတော့ အတွေးအခေါ် မတူတော့တာပဲ။‌ ခေတ်ကို မလိုက်နိုင်တော့တာတွေ ဖြစ်တတ်တယ်။ လှေရိုးထိုး ရိုးရိုးက အလုပ်မဖြစ်ဘူးဆိုတာ ဝန်ခံဖို့ ခက်လာတယ်။ နိုင်ငံရေးမှာ ရှေးရိုးစွဲလွန်းတာ။ ပါတီရဲ့ ဆုံးဖြတ်ချက်မှာ လူငယ်တွေရဲ့ အကြံပြုချက် မပါတော့တာဟာ လူထုဆန္ဒနဲ့ ပိုဝေးကွာသွားနိုင်တယ်ဆိုတာ သတိပြုရမယ်။


(နရီမိုး)

Post a Comment

Previous Post Next Post