တိုက်ပွဲသတင်းထုတ်ပြန်ချက်


(၁) မနက် ၆ နာရီခန့်က မွန်ပြည်နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းကို KNLA တမဟ(၆)+ အကြမ်းဖက် PDF ၁၉၀ ဦးတို့သည် နေရာ ၄ နေရာမှ လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်ခဲ့။
( ရန်သူထိခိုက်မှု မသိရသေး၊ မိမိဘက် ထိခိုက်မှုမရှိ )
(၂) မွန်းလွဲ ၃ နာရီခန့်က ကရင်ပြည်နယ်၊ တောင်ကလေးရဲစခန်းအား KNLA တမဟ(၆)+ အကြမ်းဖက် PDF အင်အား(စိစစ်ဆဲ)တို့သည် UAV ၁ စီးဖြင့် Bomb ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့။
( လက်လုပ် UAV ၁ စီး သိမ်းဆည်းရမိ၊ မိမိဘက် ထိခိုက်မှုမရှိ )
(၃) နေ့လည် ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီခန့်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗောဓိကုန်းရဲကင်းစခန်းအား AA သောင်းကျန်းသူ ၅၀ ဦးခန့် ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး မိမိဘက်မှ ပြန်လည်ပစ်ခတ်သဖြင့် သောင်းကျန်းသူများ ဆုတ်ခွာသွားခဲ့။
( ရန်သူထိခိုက်မှု မသိရသေး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိ )
(၄) နေ့လည် ၁၁ နာရီခန့်က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အောင်ပုံရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်နေသော စစ်ကြောင်းနှင့် PDF ၃၀ ဦးတို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး သကသများ အနောက်မြောက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။
( PDF ၁ လောင်း၊ မိုင်း ၃ လုံး၊ Icon ၁ လုံး သိမ်းဆည်းမိ၊ မိမိဘက် ထိခိုက်မှုမရှိ )
(၅) နေ့လည် ၁၂ နာရီခန့်က ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် PDF ၅၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့။
( PDF ၄ လောင်း၊ ဖောက်ခွဲရေးပစ္စည်းများ၊ Icon ၁ လုံး သိမ်းဆည်းမိ၊ မိမိဘက် ထိခိုက်မှုမရှိ )
(၆) ညနေ ၅ နာရီခန့်က စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ ကြက်သွန်ခင်းလမ်းဆုံတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် KIA+PDF ၇၀ ဦးတို့ ထိတွေ့တိုက်ပွားဖြစ်ပွားပြီး လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရ။
( ရန်သူထိခိုက်မှု မသိရသေး၊ စစ်သည် ၂ ဦး ဒဏ်ရာရရှိ )
#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post