အသုံးချဖို့လိုအပ်ရင် မြှောက်ပေး၊မလိုအပ်တော့ရင် ကန်ချ ဆိုတဲ့အမေရိကန်ကျင့်သုံးနေကျမူ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်သုတေသနရဲ့၂၀၂၂ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုအများဆုံးလုပ်ဆောင်ခဲ့တာ PDF တွေဖြစ်ကြောင်း တရားဝင်ကြေညာ ချက်ထွက်ပေါ်လာတဲ့အတွက် ဒီသတင်းဟာ တော်တော်လေးဂယက်ရိုက်သွားပါတယ်။(ပြည်ဖျက်မီဒီယာတွေမှာတော့ဒီသတင်းကိုမထုတ်ပြန်ကြပါဘူး)

သုတေသနအစီရင်ခံစာဖော်ပြချက်အရ၂၀၂၂ခု နှစ်အတွင်းမြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပေါင်း၃၉၁မှု ဖြစ်ပွားခဲ့ပြီး ၂၁၃၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဒီအကြမ်းဖက် မှုတွေရဲ့ ၅၀ရာခိုင်နှုန်း(၁၉၈)မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defence Force)အမည်ခံထားတဲ့ PDFလက်နက်ကိုင်တွေက အများဆုံးကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သည်အမိ အမေရိကန်သည်အဖ လုပ်ရပ်တည်နေရတဲ့ NUGအတွက် အထိတ်တလန့်ဖြစ်စေရတဲ့ တပ်လှန့်သံ ဖြစ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇောက ဒီအစီရင်ခံစာရေးသားချက်တွေဟာ လုံးဝမှားနေတယ်လို့ ငြင်းချက်ထုတ်ပါတယ်။

လုံးဝမှားနေတယ်လို့သာငြင်းချက်ထုတ်ပေမယ့် ရေရာတိကျတဲ့ ရှင်းလင်းချက်မပေးနိုင်ဘဲ ထုံးစံအတိုင်း တပ်မတော် ဘက်ကသာအကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာ၊NUG, PDFက မလုပ်ဘူးလို့ ကြက်တူရွေး စာရွတ်သလို ရွတ်နေတာထက်မပိုတဲ့အတွက် ထိရောက်တဲ့ငြင်းချက်မဟုတ်တာ တွေ့ရပါတယ်။

လွတ်လပ်တဲ့ရှမ်းပြည်သမ္မတဦးခွန်ဆာလို့နောက်ကွယ်ကမြှောက်ပေးတာအမေရိကန်ဖြစ်သလို ဘိန်းဘုရင်ခွန်ဆာဆိုပြီးဖမ်းဝရမ်းထုတ်တာလည်းအမေရိကန်ဖြစ်လို့အသုံးချဖို့လိုအပ်ရင်မြှောက်ပေး၊မလိုအပ်တော့ရင် ဖမ်းဝရမ်းထုတ် ဆိုတဲ့အမေရိကန်ကျင့်သုံးနေကျ မူအတိုင်း NUGလည်း အသုံးမလိုတော့တဲ့အချိန်ရောက်လာရင် အရေးယူခံရဖို့ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်မှုတွေ အချက်အလက်နဲ့ ထုတ်ပြထားပြီဖြစ်ပါတယ်။

လက်ရှိစစ်ဆင်ရေးတွေမှာလည်းEAOလက်အောက်မှာPDF တွေပေးထားပြီးEAOရဲ့တပည့်တွေအဖြစ်အသုံးချခံအဖြစ်ရှေ့ကအသေခံပေးနေရတဲ့အဆင့်သာရှိလို့NUGရဲ့စစ်ဆင်ရေးဦးဆောင်မှုအခန်းကဏ္ဍပျောက်နေပါတယ်။EAO တွေတိုက်ပွဲအောင်မြင်မှုရတဲ့အခါ NUGကလုပ်သလိုလို နှမ်းဖြူးဖျာခင်းအဆင့်သာ ရှိတဲ့အတွက် EAO တွေကလည်းလူရာမသွင်း၊PDF တွေကလည်း လေးစားမှုမရှိတဲ့အနေအထားမှာရောက်နေပါတယ်။

NUGနဲ့ EAOsဟာတစ်ချိန်မှာ ထိပ်တိုက်ရင်ဆိုင်အာဏာလုပွဲဆင်နွှဲလာရတဲ့အခါ ကိုယ့်တပ်ကိုယ်မနိုင် ပရမ်းပတာ အကြမ်းဖက် နေတဲ့ NUGထက်အမိန့်ပေးစနစ် ပိုရှိတဲ့ ဘက်ကိုသာ အမေရိကန်ကပိုအလေးသာသွားမယ့်အနေအထားဖြစ်လို့ NUG အနာဂတ်ဟာ မှေးမှိန်နေပါတယ်။

အသုံးချဖို့လိုအပ်ရင် မြှောက်ပေး၊မလိုအပ်တော့ရင် ကန်ချ ဆိုတဲ့အမေရိကန်ကျင့်သုံးနေကျမူ အတိုင်း NUG,PDFအကြမ်းဖက်လုပ်ရပ်တွေကို အချိန်မရွေး အရေးယူလို့ရကြောင်းဖော်ပြလိုက်သလိုလည်းဖြစ်နေပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post