တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်ချင်နေတဲ့သူတွေအကုန်လုံးက ပြည်တွင်းမှာမရှိကြဘူး

နိုင်ငံရေးဆိုတာကို နကန်းတစ်လုံးမှနားမလည်ဘဲ နယ်ဒါးမြရဲ့ တစ်စင်ထောင်အစိုးရဖွဲ့မှုဟာ စစ်မီးမွှေးနေတာဖြစ်တယ်လို့ စောတောနီး ကပြောနေပါပြီ...နယ်ဒါးမြဆိုတာ KNDO မှာ တာဝန်ထမ်းဆောင်စဉ်ကတည်းက စစ်စည်းကမ်းချိုးဖောက်မှု၊ စစ်ဉပဒေတွေ မလိုက်နာမှုတွေကြောင့် ထုတ်ပယ်ပြီးသားဖြစ်တယ်လို့လည်း ပြောထားပါတယ်...ဒါ့အပြင် အစိုးရတစ်ရပ်ဖြစ်ဖို့အတွက် အင်္ဂါစဉ်တွေမရှိသလို ကရင်လူထုကို ကိုယ်စားမပြုတာဖြစ်လို့ ဘယ်လိုမှအသိအမှတ်မပြုနိုင်ဘူးလို့လည်း ဆိုပါတယ်...ထူးခြားတာတစ်ခုကို စောတောနီးက ပြောသွားသေးတယ်...ဘာလဲဆိုတော့ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်ချင်နေတဲ့သူတွေအကုန်လုံးက ပြည်တွင်းမှာမရှိကြဘူးဆိုတာပါပဲ...ဘယ်သူတွေကိုပြောတာလဲဆိုတာကတော့ NUG ပဲသိမယ်ထင်ပါတယ်...
#dgf21news

Post a Comment

Previous Post Next Post