အဖြေတွေထဲမှာ သင်ခန်းစာတွေ မှတ်သားစရာတွေ ရခဲ့ပါတယ်

ကိုအောင်မင်းက မုန်းတိုက်ပွဲမှာပါခဲ့တဲ့ မှီခိုမိသားစုဝင်တွေကို အင်တာဗျူးခဲ့တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရပါတယ်။

မိသားစုဝင်တွေရဲ့စကားအရ ဂျီဝမ်းက တော်တော်ကို ဦးစီးပြီး လုပ်ခဲ့ကိုင်ခဲ့ပုံရတယ်။ ၃ ရက် ထမင်းမစားရဘဲ ပြန်ခံတိုက်ခဲ့ရပြီး သေနတ်တွေ ပစ်ခတ်ရလွန်းလို့ ပြောင်းပူချိန်မြင့်လာတဲ့အခါ အမြန်အေးဖို့ ဖြစ်သလို လုပ်ခဲ့ရတာတွေပါ ပြန်ဖြေကြတဲ့အထဲ ပါလာတယ်။

ဗဟိုကင်းတစ်ခုပဲ ကျန်တဲ့အချိန်မှာ  တပ်က လူ၅၀ ပဲ ကျန်တော့တဲ့အချိန် တစ်ဖက်ကလူ ၁၅၀၀ နဲ့ လာတိုက်တယ်လို့ ဖြေကြတာလည်း တွေ့လိုက်ရပါတယ်။ အထက်ဌာန အနေနဲ့ အင်အားကို လက်မခံ နိုင်ရင်တောင် သေချာတာတော့ သာလွန်အင်အားနဲ့ လာတိုက်တာ သေချာတယ်။

ဗဟိုကင်းထဲက မိသားစုဝင်တွေ ထမင်းမစားရဘဲ ၃ ရက်ပြန်ခံ တိုက်တဲ့အချိန်မှာ နည်းမျိုးစုံနဲ့ စည်းရုံးခံရတာကိုလည်း တွေ့ရတယ်။ မင်းတို့ ငတ်နေပြီ မဟုတ်လား ထမင်းလာစားလှည့်တို့။ လက်နက်ချတို့။

တကယ် တိုက်ပွဲမှာ သေရေးရှင်ရေး ရုန်းကြတဲ့အခါ တိုက်နေရင်းက မကြောက်တော့ဘဲ ပျော်စရာကောင်းလာတယ်လို့ ကလေးတစ်ယောက်က ဖြေတာ နားထောင်လိုက်ရသလို
လူလူချင်းပဲ ဘာလို့ကြောက်နေမလဲ အကုန်လုံး စုပေါင်းပြီး တိုက်ကြရတာပဲ ကြုံလာမှတော့ တိုက်ရမှာပဲဆိုတဲ့ ကလေးရဲ့အဖြေ စကားဟာ ဒီတပ်ရဲ့ တပ်မှူးဦးစီးတဲ့ အဆင့်ဆင့်သော တပ်မတော်သားများရဲ့ တပ်တည်ဆောက်မှုလုပ်ငန်းစဉ်ကို ပြဆိုနေတယ်လို့ မြင်ပါတယ်။

ဗဟိုကင်း မကျခဲ့တာ တစ်ခုတည်းက မိသားစုဝင် လူ ၅၀ နဲ့ တိုက်ပွဲ အလှည့်အပြောင်းတစ်ခုကို ဖန်တီးခဲ့တဲ့ မိသားစုဝင်များအားလုံးရဲ့ စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုနဲ့ မုန်းတိုက်ပွဲက ဦးဂျီဝမ်းကို လေးစားပါတယ်။

မိသားစုဝင်များဟာ မီဒီယာနဲ့ စကားမပြောတတ်ကြပါဘူး။ ချောချောမွေ့မွေ့ မဟုတ်ဘဲ သူတို့ တွေ့တာကို ပြောကြပါတယ်။ ရိုးရိုးသားသားပါပဲ။ သင်ပေးထားတဲ့စကားတွေ ကျက်ထားတဲ့စကားတွေ မပြောကြပါဘူး။ သူတို့ အဖြေတွေထဲမှာ သင်ခန်းစာတွေ မှတ်သားစရာတွေ ရခဲ့ပါတယ်။

အားလုံး မင်္ဂလာရှိသော ခရစ်စမတ် ဖြစ်ကြပါစေ။
Crd- KTR
#DGF

Post a Comment

Previous Post Next Post