အားပေးနေရမယ့်အချိန်ပါ

၁။  ဒီအချိန်က တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေကို လေဖန်းဒန်းစီးပြီး အပြစ် ပြောရမယ့်အချိန်မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် သုံ့ပန်းဖြစ်သွားရင်လည်း အပြစ်တင်စရာအကြောင်းမရှိဘူး။  ရက်ပေါင်းများစွာကြာအောင် Drop Bomb ဒဏ်၊ ထောင်နဲ့ချီတဲ့ရန်သူတွေကို  ရှိတဲ့အနေအထားတရပ်ကနေ ကြံ့ကြံ့ခံနေတဲ့ ကိုယ့်စစ်သည် တွေအပေါ် ဘက်ပေါင်းစုံက အားပေးအားမြှောက်ပြုခြင်းကသာ အထိရောက်ဆုံး နည်းလမ်း ဖြစ်မယ်။

၂။  ချွင်းချက်အနေနဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကလွဲရင် အရေးယူ၊ အဖက်စားရမဲ့ အချိန်လည်း မဟုတ်ဘူး။ စွမ်းရည်သတ္တိရှိရှိ ကာကွယ်နေတဲ့ တပ်မတော်သားတွေ၊ ရဲမေတွေကို နိုင်ငံတော်ပိုင် ရုပ်သံတွေကနေ ဖြစ်တဲ့နည်းနဲ့ အားပေးစကားတွေ ပြောပေး နေရမှာဖြစ်တယ်။ တိုက်ပွဲကျပဲဖြစ်ဖြစ်၊ လက်ရှိတိုက်နေဆဲ စစ်မြေပြင် တပ်မတော်သား တွေရဲ့ စွမ်းရည်ဆိုင်ရာ ချီးမြှင့်မှုတွေကိုလည်း ရုပ်သံတွေကနေ အချိန်နဲ့တပြေးညီ ပြသနေရင် ပိုတောင်ကောင်းတယ်။ တကယ်တော့ ရှမ်းမြောက်ဖြစ်စဉ်ဆိုတာ Shork အကြီးစား။ အရင်‌ ၂၀၁၅၊ ၂၀၁၇ မှာ ဖြစ်ခဲ့တဲ့ လောက်ကိုင်- ကုန်းကြမ်းဖြစ်စဉ်ဆိုတာက စစ်ပွဲချည်း သီးသန့်တိုက်ခဲ့ရပေမယ့် ခု လက်ရှိစစ်ပွဲတွေဆိုတာ ဘက်ပေါင်းစုံက အတိုက်ခံနေရတယ်ဆိုတာ မျက်မြင်တွေ့နိုင်တယ်။
-----
၃။ စစ်ပွဲတွေကြောင့် ကယားပြည်နယ်ရဲ့ မြိုတော် ၊ လွိက်ကော်ဆိုတာ အရင်လို အနေအထားရောက်ဖို အတော်လေး ရုန်းကန်ရတော့မယ်။ အပြန်အလှန် နှစ်ဖက် ပစ်ခတ်မှုတွေကြောင့်   မြို‌ကြေမှာလည်း ရန်သူက သိတယ်။ အသိမ်းပြရင် လေတပ်က ပြန်ဆော်မှာလည်း သူတို့သိတယ်။ ဒါဆို ဘာလို လုပ်သလဲ။ အဖြေက ရှင်းတယ်။ ရွေးကောက်ပွဲအရ တက်လာတဲ့ အစိုးရပဲဖြစ်ဖြစ်၊ အာဏာထိမ်းတဲ့ အစိုးရ ပဲဖြစ်ဖြစ် နိုင်ငံရေးမှာ ရှုံးနိမ့်စေအောင်၊ စီးပွားရေးအရ အကျပ်အတည်း ဖြစ်ပြီး လူထု အုံကြွမှု ဖြစ်အောင် မီးစပျိုးနေတာ ဆိုတာ တွေ့နိုင်တယ်။ စခန်းသိမ်းတိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲ တွေဆိုတာ နိုင်ငံရေးအရ ထိုးနှက်ချင်လို့ တိုက်တဲ့ အရာတွေချည်းပဲ။ တဖက် မီဒီယာပေါ်ကလည်း  တပ်မတော်အထက်အောက်ပြိုကွဲစေနိုင်တဲ့အထိ သွေးထိုးလှုပ်ဆော် မှုတွေ အများကြီး လုပ်ဆောင်နေတာလည်း တွေ့နိုင်တယ်။ ဒီအချိန် ရေပက်မဝင်တဲ့ စည်းရုံးရေးဆိုတာ ကိုယ့်စစ်သည်တွေကို Care လုပ်ပြတာလောက် ထူးပြီး လုပ်ပြစရာ အကြောင်းမရှိဘူး။ သူတို့နောက်မှ မားမားမတ်မတ် ရပ်ပေးနေတယ်ဆိုတဲ့ “အား”တရပ် ပဲ လိုတာ။
--------
၄။  ဗကပ လက်ထက်တုန်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတွေဆိုတာကလည်း နှစ်နဲ့ချီပြီး ပြန်တိုက်ယူခဲ့ရတာပါပဲ။ ဒီအချိန်မှာ နယ်စွန်နယ်ဖျားက စခန်းတွေအတွက်တော့ အတော်လေး ခက်ခဲစေမှာ သေချာပါတယ်။ ခုချိန်မှာ မြေပြင်တပ်တွေရဲ့ အင်အား မနာအောင်၊ အရပ်သားတွေကို စစ်ပွဲဓားစာခံမဖြစ်အောင် လုံခြုံတဲ့နေရာ စုဖွဲထားတာက အသင့်တော်ဆုံးပါပဲ။ နောင် တိုင်းပြည်တည်ငြိမ်ရင် တပ်မတော်ဆိုတဲ့ တရားဝင် Institutionအတွက် တပ်စခန်းတွေဆိုတာ  နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်နဲ့ သွားလို့ရတယ်။ အရပ်သားနဲ့ ရန်သူ၊ တပ်မိသားစုနဲ့ ရန်သူ ... ကွဲကွဲပြားပြားဖြစ်အောင် လုပ်ပြီး ဆော်မှပဲ ရမှာပါ။ အင်အားထောင်ချီတဲ့ ရန်သူ့စုဖွဲမှုကို နောက်ချန်ရဲမေတွေပါ မကျန် အစွမ်းကုန် ကာကွယ်နေတဲ့ အချက်နဲ့တင် လေးစားဂုဏ်ယူဖို ကောင်းနေပါပြီ။
-----
၅။   ခုချိန် စစ်ရေးနဲ့အတူ အရေးကြီးနေတာက တိုင်းပြည်ရဲ့စီးပွားရေးပါ။ အဓိက သွင်းကုန်-ပို့ကုန် လုပ်နေတဲ့ တရုတ်-မြန်မာ လမ်းပိုင်းရယ်၊ ထိုင်း-မြန်မာ ပြည်ထောင်စု လမ်းပိုင်းတွေက ပိတ်လု နီးနီးဖြစ်နေပါပြီ။ အနောက်ဘက်မှာလည်း AA တိုက်ကွက်ဖော် နေတာ ဒီရည်ရွယ်ချက်ပါပဲ။ တမူးလမ်းကြောင်းကို မစိုးမိုးနိုင်မှတော့ အိန္ဒိယဆီက သွင်းကုန်လည်း မျှော်နေစရာ အကြောင်းမရှိတော့ပါဘူး။ ရန်သူတောင် အရပ်သား ပြည်သူတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ဖြစ်ပြီး အကျဉ်းကျနေတဲ့ စစ်သည်တွေကိုလည်း ပြန်လည်တာဝန်ပေးအပ် နိုင်ဖို့ လျော့ပေါ့စဉ်းစားပေးသင့်ရင် ပေးရမှာပါ။ ရင်ဘက်ချင်း နီးရမယ့် အချိန်ပါ။ လက်ညိုး ထိုးပြီး လှောင်နေရမယ့် အချိန်မဟုတ်ပါဘူး။ (ဒီစာက တပ်မတော် ချစ်စိတ်ပျောက်နေတဲ့ သူတွေကို ပြောတာမဟုတ်သလို ငါက ကောင်းစေချင်လို့ ဝေဖန်နေတာပါဆိုပြီး ဘေးပြောနေတဲ့သူတွေလည်း မဆိုလိုပါဘူး။)

(နရီမိုး)

Post a Comment

Previous Post Next Post