ကန့်သက်ချက်၅ခု


ရန်သူလည်း အဲဒီလောက်
မဟုတ်ပါဘူး။မုန်းစီး စခန်းကို လာတိုက်
တုန်းကဆိုရင် MA-2 ၂ လက်နဲ့ကုတ်
ပြီး အီနာဂါ ဗုံးသီးတွေနဲ့ ပစ်နေတာ
အနားတောင်ကပ်မရဲဘူးတဲ့။ကပ်တာနဲ့
လန်ကျ ၊ ကင်တာနဲ့ လန်ကျ လွန်းလို့
ထုံးစံအတိုင်း မောင်းသူမဲ့ ဒရုန်းတွေနဲ့
သူတို့ ပစ်နေတဲ့ နေရာပစ်မှတ်ကို ရှာပြီး
ဒရော့ဗုံးတွေနဲ့ အဆက်မပြတ်ကျဲချ
နေလို့ နောက်ဆုံး ဆုတ်ပေးလိုက်ရတယ်။
ခမရ ၃၁၅ က အရာရှိ/စစ်သည်
ဆိုရင် တအားရဲကြတာတဲ့။

၁၀၂၇ အစကတည်းက
ရန်သူ လာတိုက်သမျှ မကြောက်မရွံ့
ဆုတ်မပေးဘဲ ရဲရဲရင့်ရင့်ခုခံတိုက်ခိုက်
နေတဲ့ အရာရှိ စစ်သည် ရဲမေ တွေ
တပ်တွေ စခန်းတွေ လည်း အများကြီး
ရှိပါတယ်။အဲဒီထဲမှာ ကျွန်တော့် ရဲ့တပ်
ခလရ ၂၉၀ လည်း ပါလို့ ဂုဏ်ယူမိတယ်။

လနဲ့ချီပြီး ရန်သူကို ပြန်ခံချနေဆဲပဲ။
မုန်းစီး ၊ မုန်းယားဘက်က ဆုတ်လာတဲ့
တပ်တွေ ဟာ တာမိုးညဲ ရှိ ကျွန်တော့်
တပ်ကို စစ်ကူပေးနေလို့ ကျေးဇူးတင်
မိတယ်။

ရှမ်းမြောက်တိုက်ပွဲတွေ မှာ
မင်းတို့ ဆုတ်သွားကြ ငါခံပစ်ပေးထား
မယ်။ငါ့ ခေါင်းပေါ်ကို ဗုံးတည့်တည့်
မကျသရွေ့ ငါခံချနေအုံးမယ် ဆိုတဲ့
အရာရှိ/စစ်သည် တွေ အမြောက်အများ
ပဲတဲ့။

ဒါက တစ်တပ်ထဲ အတူနေဖူးတဲ့
DSA52 က မန္တလေးသား ဗိုလ်ကြီး
တစ်ယောက်ဆီ က သိရတဲ့ အဖြစ်မှန်
တွေ။

သူလည်း နမ့်ကွတ်ကနေ အဆင့်ဆင့်
ဆုတ်ရင်း အခုတော့ ကွတ်ခိုင်ကို
ရောက်နေသူပါ။

အဓိက ရှမ်းမြောက်စစ်ပွဲတွေ
မှာ ကိုယ့်တပ်တွေကို အခက်အခဲ
ဖြစ်စေတဲ့ ကန့်သက်ချက်တွေက
( ၁ ) မောင်းသူမဲ့ဒရုန်းပြဿနာ
( ၂ ) ဗကပခေတ် လူလှိုင်းစစ်ဆင်ရေး
ဗျူဟာနဲ့အတူ ရန်သူဟာ သာလွန်အင်အား
တွေနဲ့ တိုက်နေတဲ့ ပြဿနာ
( ၃ ) တစ်တိုင်းပြည်လုံး စစ်မျက်နှာဖွင့်
ထားရလို့ စစ်ကူတွေ အလွယ်တကူ
ထုတ်နှုတ်ဖို့ ကန့်သက်ချက်ရှိနေတဲ့ ပြဿနာ
( ၄ ) တရုတ်ပြည်ရဲ့ ပါဝင်ပတ်သက်နေမှုကို
သံတမန်စစ်မျက်နှာစာကနေ မကျော်လွှား
နိုင်သေးတဲ့ ပြဿနာ
( ၅ ) ဗမာတွေ အမျိုးသားစည်းလုံးညီညွတ်မှု
ပြိုကွဲနေလို့ စစ်စည်းရုံးမှု ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်ရန် ကန့်သတ်ချက်ဖြစ်နေတဲ့
ပြဿနာ တွေ က ဒီကာလ လက်တလော
ရင်ဆိုင်နေရတဲ့ အခက်အခဲတွေလို့
မြင်မိပါတယ်။

ဒါကြောင့် ဒီအချက်တွေကို
တစ်ချက်စီ အလိုက်၊ တစ်ဆင့်ချင်းစီ
အလိုက် ဖြေရှင်းသွားမယ် ဆိုရင် မကြာမီ
ရွှေရောင်လွှမ်းတဲ့ အနာဂတ်တွေ ကို
ပြန်လည် မြင်တွေ့လာမှာ ဖြစ်ကြောင်း
အကြံပြုချင်တယ်။

မိမိတို့ အချုပ်အခြာအာဏာ ကို
ကာကွယ်စောင့်ရှောက်ဖို့ တိုက်ပွဲဝင်နေကြတဲ့
တပ်မတော်သားတွေနဲ့ မိသားစုဝင်များ အားလုံးကို
ဦးညွတ်လေးစားလျက်ပဲ။

တပ်မတော်ရဲ့
တရားသောစစ်အောင်မြင်မယ်လို့
ယုံကြည်တယ်။

အောင်နိုင်သူ

Post a Comment

Previous Post Next Post