အောင်ဘာလေထီ ကျပ်သိန်း ၅၀၀၀ အထူးဆုကြီးကို ရန်ကုန်မြို့က ပင်စင်စားတစ်ဦး ဆွတ်ခူး


(၅၇) ကြိမ်မြောက်အဖြစ်ဖွင့်လှစ်တဲ့ အောင်ဘာလေ ထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀၀ အထူးဆုကြီးကို ရန်ကုန်မြို့မှာနေထိုင်တဲ့ ပင်စင်စား အမျိုးသားကြီးတစ်ဦးက ဆွတ်ခူးရရှိသွားတယ်လို့ ခိုင်ရွှေဝါထီဆိုင်ကြီးထံက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ်ရှိတဲ့ ဦးဝင်းအောင်ဆိုသူ ပင်စင်စားအမျိုးသားကြီးဟာ ခိုင်ရွှေဝါထီဆိုင်ကြီးကရောင်းချတဲ့ လက်ပွေ့ထီကိုထိုးရင်း (ဃ ၂၃၄၅၉၈) ဆိုတဲ့နံပါတ်နဲ့ ယခုလို ကျပ်သိန်း ၅၀၀၀ ဆုကြီးကို ဆွတ်ခူးရရှိသွားတာလို့ ဆိုပါတယ်။

(၅၇) ကြိမ်မြောက်အဖြစ်ဖွင့်လှစ်တဲ့ အောင်ဘာလေထီဖွင့်ပွဲမှာ ထီလက်မှတ် ရောင်းရငွေ ကျပ်သန်း ၅၆၈၀.၂၀၀ ရရှိခဲ့ပြီး ၎င်းရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် သန်း ၃၉၇၆.၁၄၀ ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ကာ ကျပ်သိန်း ငါးထောင် (၁) ဆု၊ ကျပ်သိန်း နှစ်ထောင်(၁)ဆုနဲ့ ကျပ်သိန်းတစ်ထောင်(၁)ဆုအပြင် အခြားဆုတွေကိုလည်း ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post