ပြင်ဦးလွင် ပန်းပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိ


အမျိုးသားကန်တော်ကြီးဥယျာဉ် ၏ (၁၆)ကြိမ်မြောက် ပန်းပွဲတော် Flower Dreamland ဖွင့်ပွဲကို ဒီဇင်ဘာလ (၁၇)ရက်နေ့ က စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသအတွင်းရှိခရီးသွားပြည်သူများ၊အနယ်အရပ်ရပ်မှလာရောက်လည်သူများဖြင့်စည်ကားနေတာဖြစ်ကြောင်း သိရပါတယ်။ ကန်တော်ကြီးပန်းပွဲတော်ကိုကိုဗစ်ကာလများကြောင့် ရပ်နားခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်မှ  ပြန်လည်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်းပြည်ပပန်းမျိုးစိတ်မျိုးစုံ၊ ရာသီပန်းမျိုးစုံတို့ကို ပေါင်းစပ်ကာ ဇုန်အလိုက် ခင်းကျင်းပြသထားကြောင်း၊ ပန်းပွဲတော်ကျင်းပသည့် ကာလအတွင်း ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်း များဖြင့် ရောင်းချပေးသည့်အစီအစဉ်များပါဝင်တာကြောင့် အမျိုးသားကန်တော်ကြီးဥယျာဉ်ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့အထိ လာရောက်လည်ပတ်ရင်း ကြည့်ရှုခံစားနိုင်ပါတယ်။

Post a Comment

Previous Post Next Post