စစ်သားဆိုသည်မှာ

တစ်ခါစစ်သားဖြစ်ဖူးရင် အမြဲစစ်သားဖြစ်တယ်လို့ စိတ်ဓာတ်မျိုး ခံယူထားတဲ့သူတွေ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး
> စစ်မှုထမ်းဟောင်းတွေ
> ကျန်းမာရေးအခြေအနေအရ တပ်ကနေပြီး ထွက်ခွင့်ရထားတဲ့ စစ်သည်တော်ဟောင်းတွေ
> ခွင့်မဲ့စစ်ပြေးဖြစ်နေတဲ့ စစ်သည်တွေ

ဒါတွေက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်လိုတယ်ဆိုပြီး သူတို့တတ်နိုင်တဲ့ဘက်က စစ်ဆင်ရေးတာဝန် လုံခြုံရေးတာဝန် ထမ်းဆောင်ချင်ပါတယ်ဆိုပြီး  စာရေးပြီး ဆန္ဒပြုကြတာတွေ။

တပ်မှူးတွေနဲ့လူကိုယ်တိုင်တွေ့ပြီး ဆန္ဒပြုကြ တာတွေကို အများအပြားပြုလုပ်ခဲ့ပါတယ်။

တပ်မတော်အနေနဲ့လည်း နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကာကွယ်ရေးအတွက် အကြမ်းဖက် လက်နက်ကိုင်တွေနဲ့ PDF တွေကို ချေမှုန်းနေပါတယ်။

ဒါကြောင့်မို့ နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုမယ်ဆိုရင် တပ်မတော်မှာ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း၊ ခွင့်မဲ့စစ်ပြေးစစ်သည်တွေအနေနဲ့လည်း ဆက်သွယ် တင်ပြလာမှုတွေ ရှိပါတယ်။

ဒါကြောင့်မို့ သတ်မှတ်ကာလနဲ့အကျုံးဝင်တဲ့ စစ်သည် တွေကို သက်ဆိုင်ရာ ဒါမှမဟုတ် နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံပေးမှာဖြစ်ကြောင်းနဲ့ စစ်မှုထမ်းရန် ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီး မနေ့က ကြေညာ ချက်ထုတ်ခဲ့ပါတယ်။

ဒီလိုကြေညာချက်ထုတ်တဲ့အခါမှာတော့ ထုံးစံအတိုင်းပါပဲ ပြည်ဖျက်မီဒီယာတွေ၊ တချို့သော ဟန်ဆောင်ထားတဲ့ မီဒီယာတွေ ဆိုလိုတာက တပ်မတော်ကိုချစ်သယောင် နိုင်ငံတော်ကို ချစ်သယောင်နဲ့ ဟန်ဆောင်ထားတဲ့ မီဒီယာတွေရှိပါတယ်။

သူက အခြေအနေအခွင့် အရေးပေးလာရင် တပ်မတော်ကိုထိုးနှက်တာပေါ့။ အဲဒီနေရာမှာ ဝေဖန်မှုတွေ ရှိပါတယ်။

စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လက်စွဲစာစောင်အမှတ်(၂)မှာ စစ်ပြေးမှုဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပါယ် ဖွင့်ဆိုထားတာရှိတယ်။

စစ်ပြေးမှုဆိုတာက ယေဘုယျအားဖြင့် တပ်သို့ပြန်လာရန် ရည်ရွယ်ချက်မရှိသော ခွင့်မဲ့ပျက်ကွက်ဖြစ်ခြင်း၊ တပ်ကိုပြန်လာဖို့ စစ်မှုထမ်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် စစ်ပြေးမှုမမြောက်ဘူးလို့ ဆိုလိုနိုင်ပါတယ်။

ဒါကြောင့် ဒီဇင်ဘာလ ၃ ရက်ရှေ့ပိုင်းမှာ ခွင့်မဲ့ပျက်ကွက် ကြေငြာခံထားရသူတွေကို တပ်မှာ စစ်မှုထမ်းရန်ရည်ရွယ်ချက်နဲ့ ပြန်လာလို့ရှိရင် စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲနဲ့ ခွင့်မဲ့ပျက်ကွက် အဖြစ်သာသတ်မှတ်ပြီး စစ်သည်တွေကို စစ်မှုထမ်းဆောင်ရန် လက်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကြေငြာချက်မထွက်ခင်ကတည်းကတိုင် ဒီလိုလာပြီး စာနဲ့ဆန္ဒပြု တာတွေ လူကိုယ်တိုင်တွေ့ပြီး ဆန္ဒပြုတဲ့သူတွေ ၅၀၀ ကျော်လောက်ရှိတယ်။

လက်ရှိအခြေအနေကိုကြည့်ပြီး တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင် တစ်သက်လုံးစစ်သားဆိုတဲ့  "Once a soldier Always a soldier" ဆိုတဲ့စိတ်ဓာတ်၊  ရဲဘော်စိတ် Elsprit De Corps " ရဲဘော်အချင်းချင်းအပေါ်မှာထားရှိတဲ့ သံယောဇဉ်တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှုတရား" အဲဒီစိတ်ဓာတ်တွေ ကျွန်တော်တို့ စစ်သည်တိုင်း စစ်သည်တော်အသစ်တွေမှာကော စစ်သည်တော်အဟောင်းတွေမှာ ကောရှိပါတယ်။ 

မြန်မာစကားပုံအရ " လက်သည်း ဆိပ်လက်ထိပ်နာပေါ့" ဒါတွေက ခွင့်မဲ့စစ်ပြေးတွေ စစ်မှုထမ်းဟောင်းတွေ ဆေးကျန်းမာရေး အခြေအနေကြောင့် ထွက်ခွင့်ကျထားတဲ့သူတွေက ဆက်သွယ်လာကြပါတယ်။ ဒီနေ့နေ့လယ်ပိုင်းထိ ကျွန်တော်တို့ တပ်မတော်မှာ စစ်မှုထမ်း ဆောင်နိုင်ဖို့အတွက် ဆက်သွယ်တဲ့ လူပေါင်း "ထောင်နဲ့ချီပြီး" ရှိသွားပြီဖြစ်ပါတယ်။

ဒီထဲမှာ တချို့စိတ်ဓာတ်ပြင်းထန်တဲ့သူတွေဆိုရင် အသက်ကြီးနေပေမယ့်လည်း သူ့ကို စစ်ဆင်ရေးတာဝန်ပဲပေးပါ ကျန်တဲ့ တာဝန်မထမ်းဆောင်ချင်ဘူး လို့ပြောပါတယ်။

ကျွန်တော်တို့အနေနဲ့ကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ လုံခြုံရေးတာဝန်ပဲ ပေးအပ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ပြောလိုတာကတော့ စစ်သည်များ၊ စစ်သည်တော် ဟောင်းများအနေနဲ့ နိုင်ငံရဲ့ ဒီလို အခြေအနေမျိုးမှာ ရဲဘော်စိတ် Elsprit De Corps နဲ့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ဖို့ ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ဖို့ ဒီလိုမျိုး ဆက်သွယ်လာတာတွေကို အလေးနက်ထားပါတယ်။
"ဂုဏ်ယူပါတယ်၊ ဂုဏ်ပြုပါတယ်"လို့ ပြောကြားလိုပါတယ်။

#Crd
#dgf21news

Post a Comment

Previous Post Next Post