မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုထက်ဝက်ကို PDF များကျူးလွန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အကြမ်းဖက်သုတေသနအဖွဲ့ပြောကြား

လတ်တလောအကြမ်းဖက်အုပ်စု NUG နဲ့ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို သူတို့ရဲ့ခေါင်းကိုင်ဆရာကြီး အမေရိကန်ကတောင်  လက်မခံတော့တဲ့သဘောကို တွေ့လိုက်ရပြီ... အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံ အလိုက် အကြမ်းဖက်မှုအစီရင်ခံစာ (2022 Country Reports on Terrorism-CRT)မှာ မြန်မာနိုင်ငံအတွင်းရှိ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လူမဆန်စွာကျူးလွန်တဲ့ အခြေ အနေတွေကို ထည့်သွင်းဖော်ပြခဲ့တာ တွေ့ရှိရပါတယ်။ အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အကြမ်းဖက် PDF တွေရဲ့ကျူးလွန်ခဲ့မှု အကြမ်းဖက်မှတ်တမ်းတွေမှာ တော့ CDF အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု ၂၉ မှု (၇ ရာခိုင်နှုန်း)နှင့် KNDF အကြမ်းဖက်အဖွဲ့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု ၂၇ မှု(၇ ရာခိုင်နှုန်း) ရှိတဲ့အပြင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက် PDF တွေက ၁၀၇ မှု(၂၇ ရာခိုင်နှုန်း)၊ ရန်ကုန်တိုင်းအတွင်းက ၄၂ မှု(၁၁ ရာခိုင်နှုန်း)နဲ့ ကချင် ပြည်နယ်အတွင်းမှာ ၃၆ မှု(၉ ရာခိုင်နှုန်း) ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ PDF အကြမ်းဖက်သမားတွေကို လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လက်မခံ နိုင်လောက်အောင်ဖြစ်နေပြီဆိုတဲ့ သက်သေတစ်ခုပဲဖြစ်ပါတယ်။
#dgf21news
#crd

Post a Comment

Previous Post Next Post