TNLA မှ စစ်ဘက်ပစ်မှတ်အပြင် အရပ်ဘက်ပစ်မှတ်တွေပါတိုက်ခိုက်လာကြောင်း ဒေသခံရှမ်းတိုင်းရင်းသားများ တိုင်ကြား

ရှမ်းမြောက်၊ နမ့်ခမ်းရှိ တပ်မတော်စခန်းအား TNLA အကြမ်းဖက်အဖွဲ့မှ လာရောက်တိုက်ခိုက်နေချိန်အတွင်း စစ်ရေးနဲ့မသက်ဆိုင်သည့် အရပ်ဖက်နေရာများအား TNLA အဖွဲ့မှအကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုအပေါ် ဒေသခံရှမ်းတိုင်းရင်းသားအချို့မှ ယခုလို ရင်ဖွင့်တိုင်ကြားလာခဲ့ပါတယ်...
" ငါတို့နမ့်ခမ်းနဲ့ရွာတွေက ယခင်ကအေးချမ်းသာယာတယ် အခု ပလောင်အကြမ်းဖက်တွေ ဝင်လာတော့ အားလုံးပျက်စီးရတယ် အခုလည်းနေရပ်စွန့်ခွာ လူမရှိတော့တဲ့ အိမ်တွေထဲဝင်ပြီး ပစ္စည်းတွေယူသွားကြတယ်၊ ဆိုင်တွေကိုလည်းဖျက်စီးတယ်၊ ဘုန်းကြီးကျောင်း/သီလရှင်ကျောင်းတွေလည်း မရှောင်ဘူး၊ သူတို့အဖွဲ့ထဲကတချို့ကလည်း ပလောင်အဖွဲ့ ရွာထဲကိုလက်နက်ကြီးနဲ့ပစ်တာကို မကြိုက်ကြဘူး၊ ငါတို့ရွာကတချို့ကိုဖမ်းခေါ်ထားတုန်းက သူတို့အဖွဲ့ထဲကသူတချို့ပြောနေတာကို ကြားခဲ့ရတာ၊ အမှန်က စစ်တပ်နဲ့ ရွာသားတွေကို တမင်ရန်တိုက်ပေးနေတာပဲ၊ အခုလိုသူတို့ပလောင်အဖွဲ့တွေရောက်လာတော့ ငါတို့ကောင်းကောင်းမနေရဘူး သူတို့ကမဟုတ်တာအကုန်လုပ်နေတယ်၊ ငါတို့နေလာတာကြာပြီ စစ်တပ်က အဲလိုတစ်ခါမှ မလုပ်ဘူးဖူး”
ဆိုပြီး ကိုယ်တိုင်ကြုံခဲ့ရတာနဲ့ TNLA အကြမ်းဖက်ဝင်အချို့သဘောထား ကွဲလွဲနေကြတာကို ကြားသိခဲ့ရပါတယ်... အကြမ်းဖက်အဖွဲ့/လုပ်ရပ်များ ချုပ်ငြိမ်းပါစေ...
#ဦးဦးပိုင်ဦး
#dgf21news

Post a Comment

Previous Post Next Post