ပိုချစ်လေ ပိုပြီးခံစားရလေ

The more You love, the more You suffer.
ပိုချစ်လေ ပိုပြီးခံစားရလေ ပေါ့ဗျာ
ခု ချိန်   လိုင်းပေါ်မှာ ပေါက်ကွဲနေသူတွေက
တိုင်းပြည်ကို တကယ်ချစ်လို့ ခံစားနေကြတာပါ
မချစ်တဲ့သူတွေအတွက်ကတော့ ဘယ်မြို့တွေကို
သူပုန်က သိမ်းပါစေ သူနဲ့ မဆိုင်သလိုပဲပေါ့
တစ်ချို့များဆို လက်ခုပ်တောင်တီးပီး ဝမ်းသာနေကြမှာပါ
ပြည်တွင်းစည်းလုံးမှုပျက်တော့ ပယောဂ ဝင်တာ မဆန်း
ပါဘူးလေ
စည်းလုံးမှု ပြန်ရအောင် ဘယ်လိုလုပ်မလဲ
ဒါဟာ အရေးအကြီးဆုံးကိစ္စပါပဲ
စစ်တပ်မဟုတ်ရင်ရပြီ ဘယ်သူပုန် ဘယ်ကိုးကန့်ပဲဖြစ်ဖြစ်
လက်ခံတယ်ဆိုတဲ့ လူအန္ဓတွေကို အသိတွေ အမြင်တွေ
ယုံကြည်မှုတွေ  ပြောင်းလဲလာအောင်မလုပ်နိုင်သ၍
ပြည်တွင်းစည်းလုံးမှု  မရနိုင်ပါဘူး
ဒါဆိုရင် ဘာတွေလုပ်ရမလဲ?
အဓိက , ကတော့ Soft power အသုံးချရမှာပါ
Talk တွေ Seminar တွေ Debate တွေ ခပ်စိပ်စိပ်လုပ်
Social Media ( Fb , TT, Instra gram) မှာ ကျယ်ကျယ်
ပြန့်ပြန့်  အသိပေး။
တကယ်တော့ NLD ရဲ့ PDF ကို EAOs တွေ ဆွဲစားတာကို
NLD ကိုယ်၌ သိသင့်ပါပြီ
အသိအမြင်တွေ ပြောင်းလာရင် စစ်တပ်ထဲကို ဝင်မဲ့သူ
တွေ တားတောင်ယူရမှာပါ
နိုင်ငံကို ချစ်လို့ ပြောမိပြန်ပြီ။
ခရစ်တစ် MP Mg Myint

Post a Comment

Previous Post Next Post