ပလက်ဝမြို့နှင့် ရခိုင်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား တိုက်ပွဲသတင်းများ


ပလက်ဝမြို့မြောက်ဘက်က စခန်းတွေဖြစ်တဲ့
ထရွန်အိုင်၊ နှုန်းဘူးအပါအဝင် ကျန်စခန်းတွေကို
နိုဝင်ဘာလ ၁၄ ရက်နေ့ကစ၍ AA အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ချင်း PDF တွေနဲ့ပေါင်းပြီး သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စခန်းတွေကနေ ဆုတ်ခွာခဲ့ပြီး နောက်ဆုံးခံစစ်ဖြစ်တဲ့ ပလက်ဝမြို့ကို ခံစစ်ဆင်ခဲ့ပါတယ်
ရန်သူဟာ ယခုနှစ်စမှစ၍ ပလက်ဝမြို့အနီးရှိ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့မှာ
နယ်မြေခံတပ်ရင်း ၂၈၉ တပ်ကို တပ်ရင်းစိုးမိုးကုန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ် အဲဒီမှာရှိတဲ့ စကခ ၁၉ တပ်မဌာနချုပ်က တပ်မမှူးနှင့်တကွ အရာရှိစစ်သည်များ
တပ်ရင်းမကျစေရေး ဗဟိုကင်းမှနေ၍ အနီးကပ်ခုခံကာကွယ်ခဲ့သော်လည်း ရန်သူဟာ အင်အားအလွန်များတာကြောင့် ၁၀ ရက်နေ့ညနေပိုင်းမှာ တပ်မမှူးမှ “ရန်သူမိမိနေရာကို ရောက်နေပြီ ကျွန်တော့အပေါ်ကို ဗုံးကြဲလိုက်ပါတော့”လို့ပြောပြီး တစ်တပ်လုံးနဲ့ အဆက်အသွယ်ပျက်နေတာ ယခုအချိန်ထိပါ လေကြောင်းပစ်ကူ အကြိမ် (၁၀၀) အထက်အသုံးပြုခဲ့သော်လည်း ၎င်းတို့ဘက်က တောင့်ခံနိုင်ခြင်းကိုကြည့်လျှင် အကြမ်းဖက်တွေဘက်မှာ အင်အားဘယ်လောက်များ တယ်ဆိုတာ မှန်းဆလို့ရနိုင်မှာပါ
နယ်မြေခံတပ်ရင်းမကျစေရေးအတွက်နောက်ဆုံးအချိန်ထိခုခံတိုက်ခိုက်သွားတာပါ ပလက်ဝဒေသဟာ လက်ရှိ ဖုန်း/အင်တာနက်ပြတ်တောက်နေတဲ့ ဒေသဖြစ်တာမို့ ယခုချိန်ထိ အဆက်အသွယ်မရခြင်းပါ
ရန်သူဘက်က တင်ထားသလို ရေတံခွန်တောင်ဘက်မှာ
မိတယ်ဆိုတဲ့ သတင်းက မည်သို့မျှမဖြစ်နိုင်ပါ
ဆုတ်ခဲ့သည်ရှိရင်တောင် အရေးကြီးချိန်ဖြစ်နေတာကြောင့် တပ်အနောက်ဘက် မြစ်ကိုကူးပြီး ရန်သူများရှိရာနေရာဘက်ကို ဆုတ်ခွာမည်မဟုတ်ပါ
(အဆက်အသွယ်များရသည်နှင့် တင်ပေးပါပြမည်)
ယနေ့နံနက်ထိ သိရှိရသည့်သတင်းများအရ
ရန်သူဟာ ကျောက်တော်မြို့အား ဖြတ်တောက်တိုက်ခိုက်နိုင်ရန်အတွက် ကျောက်တော်မြို့တောင်ပိုင်းရှိ
ကန်ဇောက် အမြောက်တပ်နှင့် နယ်မြေခံတပ်တို့အားဝင်ရောက်တိုက်ခိုက်နေသလို မြောက်ဦးနှင့် မင်းပြားရှိ နယ်မြေခံတပ်တို့အား သာလွန်အင်အားဖြင့်
အတင်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေသဖြင့် တပ်မတော်သားများမှ မိမိတပ် မကျစေရေးအတွက် အပြင်းအထန်ခုခံတိုက်ခိုက်နေပါတယ်။
ရန်သူလာရောက်တိုက်ခိုက်သည့်နေရာများသို့ အမြောက်၊ ဒုံးများဖြင့် ပစ်ခတ်ချေမှုန်းခြင်း၊ တစ်နေကုန် တစ်ညလုံး လေကြောင်းမှာ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် လိုက်လံပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
#MinChitOo

Post a Comment

Previous Post Next Post