အစိမ်းရောင်တွေကို မချစ်တက်သေးသ၍တော့ရာသီဥတု ဆိုတာ ဖောက်ပြန်နေဦးမှာပဲ

တချို့ပြည်သူတွေက
စစ်သား အလကားပါ သေနတ် တကားကား
ရက်စက်တဲ့ စိတ်ထားကို ပိုင်ထားတဲ့ လူတွေပါတဲ့လေ .....

တချို့နိူင်ငံရေး သမားကြပြန်တော့
စစ်သား လူ့ငနွား အမိန့်အရ ထားရာနေ စေရာသွား ချည်တိုင်ကို မလွန်ဆန်နိူင်တဲ့ ဦးနှောက်မရှိတဲ့ နွားတဲ့လေ .....

တချို့ကြတော့လည်း
ငါတို့ ပေးအခွန် မင်းတို့စားတာ
ငါတို့မသွား မင်းတို့သွား
ပေးတာယူ ကျွေးတာစား
စကားမများနဲ့ ငယ်ကျွန်ကြီးတဲ့ လေ .....

ကမ္ဘာ မြေပုံမှာ မြန်မာ နိူင်ငံ နေရာယူထားနိူင်တာ
ဒီစစ်သားတွေကြောင့် .....

ဒီလို စစ်သား တွေကို အေးအေးဆေးဆေးနဲ့
ခေါင်းစဉ် အမျိုးမျိုးတပ် ထင်မြင်ချက် တွေ ပေးနိူင်တာလည်း ဒီစစ်သားတွေကြောင့် .....

ကုန်ကုန်ပြောရရင် နောင်လာနောက်သားတွေ
အတွေးအခေါ် မှားအောင် အေးအေးချမ်းချမ်း
အဆိပ်နိူင်တာလည်း
ဒီစစ်သားတွေကြောင့် .....

အပိုမပါတဲ့ အသက်တွေနဲ့ အလဲထပ်လုပ်ပြီး
ပြန်ထွက်မလာနိူင်တဲ့ ခန္ဓာကိုယ် စွန့်နေတာ
ခင်ဗျားတို့ စစ်သားတွေ အပေါ်
အေးအေးချမ်းချမ်း
ခေါင်းစဉ်တပ်နိူင်အောင်လို့ပါ .....

အစိမ်းရောင်တွေကို မချစ်တက်သေးသ၍တော့
ရာသီဥတု ဆိုတာ ဖောက်ပြန်နေဦးမှာပဲ .....
#yyh

Post a Comment

Previous Post Next Post