စစ်တပ်က ပေါ်တာဆွဲတယ်၊ ရှေ့တန်းပို့ဖို့ ပြည်သူ့စစ်အဖြစ်မဲနှိုက်ရွေးနေတယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ..-


ဖြစ်စဉ်အမှန်မှာ
-
ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ညွှန်ကြားချက်ဖြစ်ပါတယ်။
-
ပြည်သူ့လုံခြုံရေးစနစ်ဖြစ်ပါတယ်။ ပြည်သူ့စစ်မဟုတ်ပါ။ စစ်တပ်ကပေါ်တာ ခေါ်ခြင်းမဟုတ်ပါ။ စစ်သင်တန်းတက်ပြီးလည်း စစ်သွားတိုက်စရာမလိုအပ်ပါ။
-
စစ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်မယ်၊ စစ်တိုက်ခိုင်းမယ်ဆိုတာတွေက ကောလာဟလ သတင်း အမှားများသာဖြစ်ပါတယ်။
-
မိမိရပ်ရွာဒေသကို ကာကွယ်ရန်အတွက် စစ်သင်တန်းပေးခြင်းသာဖြစ်ပါတယ်။ မိမိအိမ်၊ ရပ်ရွာကို မိမိတို့ပဲ ကာကွယ်ရပါမယ်။ အရေးကြုံမှ သေနတ်ပေးလို့ မပစ်တတ်ရင်မရပါဘူး။ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန်လိုအပ်ပါတယ်။ တိုင်းတပါး လူမျိုးခြား ဥပမာကိုးကန့်က လာတိုက်ရင် ကိုယ့်ဒေသကိုယ် ကာကွယ်နိုင်ဖို့ အမိမြေနဲ့ အမျိုးဘာသာသာသနာကို ကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
-
ပြည်သူ့လုံခြုံရေးစနစ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ရပါမယ်။ ပြည်သူ့လုံခြုံရေးစနစ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ နိုင်ငံရေးပါတီများပါ ပူးပေါင်းပံ့ပိုးကူညီဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
-
ကိုယ့်ရပ် ကိုယ့်ရွာ ကာကွယ်ဖို့အတွက်ကိုမှ ပူးပေါင်းပါဝင်မှုမရှိရင် ရှောင်တိမ်း၊ ထွက်ပြေး တိမ်းရှောင်လျင်တော့ သေချာတယ်၊ အဲ့ရွာ၊ အဲ့ရပ်ကွက်အတွက် အခြေအနေအရပ်ရပ်ကြောင့် စိုးရိမ်စရာ ဖြစ်လာခဲ့ရင် အဲ့ဒီကောလာဟလကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်တဲ့လူဟာ ‌ဖရဲသီး(ဒါမှမဟုတ်) အကြမ်းဖက်အားပေးပါပဲ။
-
ပြည်သူ့လုံခြုံရေးစနစ်ကို ကမ္ဘာမှာ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့မှာ ကျင့်သုံးပါတယ်။။။
crd. အသန်း
(သတင်းအမှန်သိအောင် တင်ပြပေးလိုက်ပါတယ်)
#KT

Post a Comment

Previous Post Next Post