လွတ်မြောက်နယ်မြေရရှိဖို့ တိုင်းရင်းသားတွေကိုစတေးသူတွေ အကြောင်း


မြောက်ပိုင်းမဟာမိတ်ဆိုသူတွေရဲ့ 1027 Operation ကြီး စတင်တာ ၂ လနီးပါး အချိန်ကြာမြင့်ခဲ့ပြီ။ တပ်မတော်အနေနဲ့ အနှီမြောက်ပိုင်းမဟာမိတ်တို့ရဲ့ထိုးစစ်ကို ခုခံ ကာကွယ်ရင်း တချို့မြေနေရာတွေမှာ ခေတ္တဆုတ်ခွာပေးခဲ့တာလဲ အားလုံးအသိပဲဖြစ်ပါ တယ်။

ဆိုတော့ ရန်သူဟာ နိုင်ချင်ကြက်လိုပဲ ရှေ့ကိုတိုးတိုး တိုးတိုး လာတာ ခုဆို လားရှိုး နားကိုတောင် ရောက်ခဲ့ပြီ။ အရှေ့မြောက်ဒေသ သံလွင်အရှေ့ခြမ်းနေရာမှာ လောက်ကိုင် ကို သည်းကြီးမဲကြီးတိုက်နေပေမဲ့ ဒီကောင်တွေပျော်နေလားလို့သွားမေးရင် အပြည့်အဝ မပျော်ပါဘူး။ မီဒီယာမှာသာ သေနတ်ကြီးတွေမိုးပေါ်ထောင်ပြီး ဓာတ်ပုံတွေတင်နေပေမဲ့ အတိမ်အနက်ကိုသိတဲ့ သူတို့ ခေါင်းဆောင်တွေ မပျော်ကြပါဘူး။

၂ ချက်ရှိတယ်။ ၁ ချက်က တရုတ်ရဲ့ ဖိအားပေးမှုနဲ့ နောက် ၁ ချက်ကတော့ သူတို့ရဲ့ အကျိုးစီးပွားတွေပဲ။

ရှုပ်သွားလား .. မရှုပ်ပါနဲ့ ရှင်းပြပါ့မယ်။ ဒီစစ်ပွဲကြီးဟာ မြောက်သုံးကောင် စခဲ့တာ ပါ။ သို့သော် တရုတ်နိုင်ငံရဲ့ ကျားဖြန့်ဆိုပြီး ခေါင်းစဉ်တပ်ပြီး စတိုက်တာ။ အဲ့မှာ တရုတ် နိုင်ငံရဲ့ သဘောထား ဘာညာကတော့ မပြောလိုတော့ပါဘူး။ ဒါသည် သူတို့ နိုင်ငံရဲ့ Policy Maker တွေပဲသိမှာပဲ။ ဒါပေသိ အချိန်အတိုင်းအတာတစ်ခုထိအရောက်မှာ မြောက်သုံးကောင်ရဲ့ တိုက်စစ်ဟာ တရုတ် ရဲ့ ပိုးလမ်းမ၊ BRI နဲ့ နယ်စပ်ကုန်သွယ်ရေး တွေကို အကြီးအကျယ်ထိခိုက်လာတဲ့အတွက် တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ဖို့အတွက် ခေါ်ခံရတယ်။ တစ်ဖက်က နစက ဒုတိယဝန်ကြီးချုပ်နဲ့ တရုတ်က တာဝန်ရှိသူ တွေတဲ့အချိန်မှာလဲ ပြောတာဆိုတာတွေရဲ့ Effect ပါမှာပေါ့။ အဲ့တော့ ပ အကြိမ်ဆွေးနွေး ပွဲကိုလုပ်တယ်။ MNDAA ကို အဓိက ခေါ်တာဖြစ်ပေမဲ့ သူ့ မဟာမိတ် TNLA နဲ့ AA ပါလာ တယ်။ ဆွေးနွေးပွဲမှာ ယာယီအပစ်အခတ်ရပ်ဆဲဖို့နဲ့ ဖမ်းဆီးရရှိ တပ်မတော်အရာရှိ/စစ် သည် တွေ ပြန်ပေးဖို့သဘောတူတယ်။ အဲ့တုန်းကလဲ ဘယ်ကိုပေးပါ ညာကိုပေးပါဆိုပြီး အသံတွေထွက်ခဲ့ပေမဲ့ MNDAA ဘက်ကတော့ တစ်ခုမှ တရားဝင်မပြောခဲ့ဘူးဆိုတာ ကျွန်တော့် အရင် ဆောင်းပါးမှာလဲ ဖော်ပြပြီးသားပါ။ အဲ .. တစ်ခုပဲ အဲ့ဆွေးနွေးပွဲမှာ TNLA က ငတိက “ခုတိုက်နေတာ ဗမာ PDF တွေ၊ သူတို့ တအောင်းတွေမပါဘူး” ဆိုပြီး ယိသဲ့သဲ့ ပြောသွားတယ်လို့တော့ သတင်းတွေကြားမိတယ်။ ဒါလား .. တန်းတူညီမျှ ခွင့် အတွက် ဗမာတွေနဲ့အတူ ထပ်တူကျပါတယ်ဆိုတာ။

ပ အကြိမ် အပစ်ရပ်အပြီးမှာ TNLA က သူတို့ အတွက် နယ်မြေ မပါဘူးဆိုပြီး နမ့်ခမ်း၊ နမ့်ဆန် တို့ကို အသည်းအသန်တိုက်တယ်။ MNDAA ကလဲ လောက်ကိုင်ကို ပြန် ထိုးစစ်ဆင်တယ်။ ဘယ်သူက သဘောတူညီချက်ကို ဖျက်တာလဲဆိုတာ ကလေး မမေးနဲ့ ခွေးလိမ္မာကိုသွားမေးရင်တောင် မြောက်သုံးဖွဲ့ ဘက်ပဲ လှည့်ပြမှာ။

ထားပါ ... ခု ဒုအကြိမ်ဆွေးနွေးပွဲလုပ်တယ်လဲ သတင်းတွေမှာ ဖော်ပြတယ်။ ဘာတစ်ခုမှ မယ်မယ်ရရ သဘောတူညီချက်မရဘူးလို့လဲ တချို့မီဒီယာတွေမှာ တက်လာ တယ်။ ကာယကံရှင်ဖြစ်သူ နစက နဲ့ MNDAA ကတော့ ဘာတစ်ခုမှ မထုတ်ပြန်သေးဘူး။ သို့သော် .. MNDAA သည် လောက်ကိုင်ကို နေ့ရောညရော တိုက်နေတယ်။ TNLA သည်လည်း နမ္မတူထိ တိုက်တယ်။ မူဆယ်လဲ အလွတ်မပေးဘူး။ ကွတ်ခိုင်လဲ ပွဲကြမ်းနေ တယ်။ TNLA က ငတိ တစ်ကောင်က ဖွဘုတ်ပေါ်တက်ရေးသေးတယ်။ ဘာတဲ့ .. တပ်က ပြန်တိုက်ရင် တိုင်းရင်းသားတွေကိုပဲ တပ်က စေတနာမရှိတဲ့ပုံ။ NSPNC က အတွင်းရေး မှူးက ပြောသွားပါတယ်ဆိုပြီး နာမည်တပ်ပြီး တရားခံရှာတာ။ မအေဘေး .. သူတို့က တိုက်နေတာကို တပ်က ပြန်မတိုက်လို့ မေတ္တာသုတ်တို့၊ ယေရှုရဲ့ နာမတို့ဆိုပြီး ဘုရားစာ ထိုင်ရွတ်ရမှာလား .. တရားလဲ တော်တော်ကျပါတယ်။ TNLA ရဲ့ စစ်ရေးရည်မှန်းချက်က ပြင်ဦးလွင်ထိ တိုက်ချင်တဲ့ သဘောတော့ရှိတယ်။

သို့သော် ... သို့သော် ခုမှ ဆောင်းပါးရဲ့ ရည်ရွယ်ချက်လာပြီ။ မပျော်နိုင်တဲ့  အချက်ထဲက နောက်ထပ် ၁ ချက်ကတော့ သူတို့ အကျိုးစီးပွားကြောင့်ပဲ။ MNDAA ပဲဖြစ် ဖြစ် TNLA ပဲဖြစ်ဖြစ် သူတို့ သိမ်းထားတဲ့ မြို့ကို အကောင်းအတိုင်းလိုချင်ကြတယ်။

ဘာလို့လဲ .. သူတို့ ဘယ်လောက်ပဲ နစက နဲ့ ကင်းချင် ပါတယ်ပြောပြော။ ပတ်ကို ပတ်သတ်ရမှာ။ သူတို့ ခုသိမ်းထားတဲ့ သံလွင်အရှေ့ခြမ်းသည် တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေရှိတာမှန်ပေမဲ့ တကယ်လို့များ နစက က ကိုယ်ပိုင် အုပ်ချုပ်ခွင့် မပေးရင် သွားပြီ။ ဒါကြောင့် ငြိမ်းချမ်းရေးအတင်းဆွေးနွေးနေ တာ။

တကယ်လို့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဖြေမရဘဲ နယ်မြေတွေပဲရနေရင် သူတို့ စစ်ဆက်တိုက်ဖို့ ပိုက်ဆံလိုလာမယ်။ စားတဲ့ဆန်လိုလာမယ်။ နောက်ပြီး သိမ်းထားတဲ့ နယ်မြေတွေပြန်လည်တည်ဆောက်ဖို့လိုလာမယ်။ အဲ့အတွက် နယ်စပ် ကုန်သွယ်ရေးမှာ နစက စိုးမိုးထားတဲ့ နေရာတွေက ဖွင့်မပေးရင် တိုင်ပတ်ပြီ။ မအေဘေး များ ဘာနဲ့ လုပ်စားကြမလဲ။ ကျားဖြန့်တို့၊ လောင်းကစားတို့ပဲ ထွက်ကုန်ရှိတဲ့ အရှေ့ မြောက် အနေနဲ့ တရုတ်နိုင်ငံအပေါ် ဘာတွေတင်ပို့မှာလဲ။ တရုတ်ကရော သူတို့ဆီက ကုန်တွေကို မြန်မာကိုပို့ဖို့ ဂိတ် ၂ ဂိတ်ကိုဖြတ်ရမှာကော လက်ခံလား။ အဲ့အချိန်ကျရင် အဲ့ ကောင်တွေသည် မြန်မာအစိုးရနဲ့ ညှိကိုညှိရတော့မှာ။ ဒါကြောင့် နစက က ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာကိုလိုချင်ကြတာ။

ဒါ ... လိုရင်းပဲ။ သူတို့ အကျိုးစီးပွားရဲ့ လိုရင်းပဲ။ ဘာ တိုင်းရင်းသားရေးမှ မပါဘူး။ ဘာ တန်းတူညီမျှမှုမှမပါဘူး။

အေး .. တပ်က ဗုံးကျဲလို့ရှိရင် ခေါင်းကြီးပိုင်းတွေမထိဘူး။ အောက်ခြေက အဖွဲ့တွေနဲ့ မြို့ပဲပျက်မှာ။ အဲ့ကျကျ သူတို့ အဲ့ပုံတွေကို ဝေဝေဆာဆာတင်ကြဦးမှာ။

ဆိုတော့ကာ ... နိဂုံးချုပ်ရမယ်ဆိုရင်တော့ မြောက်သုံးကောင်အဖွဲ့မှာပါတဲ့ အောက်ခြေ တိုင်းရင်းသားများ ခင်ဗျားတို့ သေချာစဉ်းစားကြပါ။ နစက ဆွေးနွေးပွဲ ပျက်လို့ စစ်ဆက်တိုက်ကြမယ်ဆိုရင် ခင်ဗျားတို့သည် မြို့ကိုစောင့်နေရတာပဲရှိမှာပါ။ ခင်ဗျားတို့နေတဲ့ မြို့လဲ ပျက်ဆီးရုံပဲရှိမှာပါ။ စုတ်ပြတ်သတ် ဂျုံးဂျုံးကျနေတဲ့ မြို့ကိုပြပြီး ဒါ ငါတို့ လွတ်မြောက်ရေးအတွက် တိုက်ခဲ့တာလို့ ပြောရဲလား။ ခင်ဗျားတို့ ခေါင်းဆောင် တစ်စုရဲ့ ကိုယ်ကျိုးစီးပွားအတွက် တိုင်းရင်းသားဖြစ်တဲ့ ခင်ဗျားတို့ကို စတေးနေကြတာ အမြန်အသိမှန်ရကြပါဗျာ ....

(ယနေ့ အပိုင်းဆက် တစ်ရက်နားပါသည်ခင်ဗျာ။ နားလည်ပေးကြပါ။)

Crd:မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post