ရခိုင်မြောက်ပိုင်းပြဿနာနဲ့လေဟာနယ်ဗျူဟာ

-

ရှမ်းမြောက်မှာ အပစ်ရပ်ထားတဲ့
ရန်သူဟာ ရခိုင်မြောက်ပိုင်းကို
ပြင်းပြင်းထန်ထန် တိုက်ခိုက်လာ
တွေ့ ရတယ်။ချင်းပြည်
နယ် ပလက်ဝ ဒေသ နဲ့ ရခိုင်မြောက်ပိုင်း
ဒေသ ကို တိုက်နေသူတွေဟာ
AA တစ်ဖွဲ့တည်း
မဟုတ်ဘဲ မြောက်ပိုင်း ၃ ဖွဲ့ရော ၊  AA
ယူနီဖောင်းဝတ် ဝ နဲ့ မိုင်းလားရော ၊
BPLA နဲ့ ဗမာ PDF တွေ ပါ ပါနေနိုင်
ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် တော့
​MNDAA နဲ့ TNLA ကတော့ မလွဲမသွေ
ပါနေတာတွေ့ရတယ်။ဒါကြောင့်လည်း
အခုရက်ပိုင်း အတွင်း ပလက်ဝ ဒေသ တစ်ခုလုံး
ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေငြာ
လာနိုင်ခဲ့တာတွေ့ရတယ်။သဘောကတော့
ဒရုန်း နည်းပညာ သာလွန်မှု နဲ့ အင်အား
ကောင်းကောင်း အသုံးချပြီး တိုက်ခဲ့လို့
ဖြစ်တယ်။

အခုတော့ ပလက်ဝ ကို
ထွန်းမြတ်နိုင် တို့ အုပ်စု သွားရောက်ပြီး
နယ်မြေအခြေအနေကို လေ့လာသုံးသပ်
ကာ အနောက်ဘက် တြိဂံနယ်မြေလို့
ဆိုရမယ့် ဘင်္ဂလား ၊ အိန္ဒိယ ၊ မြန်မာ
ဒေသ ကို ဒုတိယ ဝ နယ် လို့ ထူထောင်ဖို့
ကြိုးပမ်း လုပ်ဆောင်နေကြောင်း
သတင်းရပါတယ်။

AA ဟာ ပလက်ဝနယ်မှာ တင် သူ့
ရည်မှန်းချက် ကို ရပ်သွားလိမ့်မယ်လို့
မထင်ဘူး။၊ရခိုင်မြောက်ပိုင်း က
ကျောက်တော် မြောက်ဦး စစ်တွေ
ဘူးသီးတောင် အထိ လွတ်မြောက်
နယ်မြေ လုပ်ဖို့ ရည်မှန်းထား ပုံရပါ
တယ်။ သုံးနိုင်ငံ နယ်စပ်ကုန်သွယ်မှု
လုပ်လို့ ရနိုင်တဲ့ ပလက်ဝ ဒေ သနဲ့
ကုလားတန်းမြစ်ဝှမ်းစီမံကိန်းရဲ့ ဗဟို
သော့ချက် ကို လက်လွှတ်လိုက်ရတာ
ဟာ ပထဝီ နိုင်ငံရေး အရ ကြီးမားတဲ့
နစ်နာမှုကြီးဖြစ်လို့ တပ်က ပြန်သိမ်း
ပိုက်နိုင်ဖို့  စီမံပါလိမ့်မယ်။

ဒါပေမဲ့ သူပုန်AAနဲ့ ဆက်ဆံမလား၊
မဆက်ဆံဘူးလား ဆိုတဲ့
အိန္ဒိယ နဲ့ ဘင်္ဂလားဒေါရှ် အစိုးရ ရဲ့
မူဝါဒ နဲ့ လည်း ဒီကိစ္စ က
တိုက်ရိုက် အချိုးကျ နေပါတယ်။
စဥ်းစားစရာ ဖြစ်မိတာက AA ဟာ
မြောက်တွေနဲ့ ပေါင်းပြီး တရုတ် ကို
ကစားခဲ့သလို အိန္ဒိယ ကို ပါ ခွချက်
လုပ်ဆက်ကစားနေလို့ ဗျူဟာ မနိုင်
ရင် AA နိဂုံး မလှ ဖြစ်သွားပါလိမ့်မယ်။
အိန္ဒိယ နဲ့ တရုတ်က ပြိုင်ဘက် ရန်ဘက်
တွေ ဖြစ်နေတာကိုး။

တရုတ်ရဲ့ BRI ကို အိန္ဒိယ ရဲ့ ကုလား
တန် မြစ်ဝှမ်း စီမံကိန်းနဲ့ ထိုးကန့်လန့်
လာတာ ကို တရုတ် က လက်ခံပါ့မလား။

ပိုဆိုးနိုင်တာ က သမိုင်းတစ်လျှောက်
ရခိုင်နဲ့ ဘင်္ဂလီ တွေ က ကမ္ဘာ့ရန်ကြွေး
တွေ မို့ ဘင်္ဂလားဒေ့ရှ် ကလည်း AA
ကို လက်ခံယုံကြည်မယ် မထင်ပါဘူး။
ဘင်္ဂလားဒေ့ရှ့် က AA နဲ့ ရခိုင်တွေကို
ပြန် အမြတ်ထုတ်သွားမှာ က
စစ်ပွဲကြောင့် ရခိုင်ပြည်သူတွေ ဖရိုဖရဲ ဖြစ်ပြီး
အိုးပစ် အိမ်ပစ် ထွက်ပြေးနေရတာကို
အကြောင်းပြုကာ  စွန့်ခွာသွားတဲ့ မြို့
ရွာ နေရာတွေ မှာ လူဦးရေး ပေါက်ကွဲ
နေတဲ့ ရိုအမည်ခံ ဘင်္ဂလီ တွေနဲ့ အစား
ထိုးဝင်ရောက်နေထိုင် နိုင်ရေး စီမံကြ
ပါလိမ့်မယ်။

ဒီလုပ်ရပ်ကြောင့် ထွန်းမြတ်နိုင်ပြော
တဲ့ ရခိုင်လူမျိုးတွေရဲ့ အိမ်မက် ဟာ
သူ့ရဲ့ မူဝါဒ မမှန်ကန်မှုနဲ့ အတူ ဘင်္ဂလီ
ခေါ် " ရို" တွေ အတွက် ဖြစ်သွားနိုင်
ပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ် နဲ့ OIC အုပ်စုက
နှစ်ပေါင်းများစွာ ကျိတ်ပြီ ကြံစည်ခဲ့ကြတဲ့
ရခိုင်မြောက်ပိုင်းဒေသ  ကို သူတို့အခေါ်
"ရို" တွေနဲ့ အစားထိုးရေး လေဟာနယ်ဗျုဟာ
စီမံကိန်း ရုပ်လုံးပေါ်လာတဲ့ သဘောပါပဲ။
ထွန်းမြတ်နိုင် တို့ အုပ်စု ကတော့
သိလောက်မယ်မထင်ပါဘူး။

စိတ်မကောင်း ဖြစ်မိတာက ကိုယ်လည်း
အဖေ က ရခိုင် ဖြစ်နေတော့ ရခိုင်တွေ
ကံကြမ္မာငင်လာတဲ့ အပေါ် ဘယ်လို
ကယ်ထုတ်ရမလဲ ဆိုတာ ကို စဥ်းစားမရ
ဖြစ်မိတာပဲ။

ထွန်းမြတ်နိုင် တို့ အုပ်စု အမြင်မှန် မရ
သရွေ့ကတော့ ရခိုင်မြောက်ပိုင်း ကံကြမ္မာက
ရင်လေးစရာ ပါ။

Crd:အောင်နိုင်သူ(ဇွဲကပင်)(16.1.24)
Admin(တောင်ပေါ်သား)

Post a Comment

Previous Post Next Post