ကာထားလိုက်တဲ့ သဘောပါပဲ

■  လားရှိုး-နမ္မတူ ဆက်သွယ်ထားတဲ့ အီနိုင်းတံတားကို TNLA က ဖျက်စီးလိုက်ပါပြီ။ တလောကလည်း သီပေါ-နမ္မတူ လမ်းပိုင်းဆက်သွယ်ထားတဲ့ တံတား တစင်းကို ဖျက်စီးပြီးခဲ့တာမို့ ဒီတံတားတွေ ဖျက်စီးပစ်လိုက်တဲ့နောက်ကွယ်မှာ စစ်ဗျူဟာပိုင်းအရ ကြည့်ရင် စည်းကန့်လိုက်တယ်ဆိုတဲ့ အနေအထားကို တွေ့ကြရမှာပါ။ သေချာတာကတော့ နမ္မတူနဲ့ မန်တုံဘက်အခြမ်းကို လွယ်လင့်တကူ တန်ပြန်ထိုး စစ်မလာနိုင်အောင် ကာထားလိုက်တဲ့ သဘောပါပဲ။
-----------

■  ရန်သူ့ရဲ့ ထိုးစစ် ဦးမကျိူးသေးသရွေ့တော့... မြေကိုရနိုင်သလောက် ထပ်ပြီး ရနိုင်ဖို့အတွက် တိုက်စစ်ဖွင့်နေဦးမှာလို့ပဲ တွေးထားရမှာပါ။ ဒါဟာတနည်းအားဖြင့် ရန်သူ နောက်ဆုံးရည်မှန်းချက်က လားရှိုးဖြစ်နိုင်သလို လက်ရှိအဖြစ်နိုင်ဆုံး လာနိုင်တာကတော့ သီပေါဘက် အခြမ်းပါပဲ။ တဆက်တည်း စီးပွားရေးအရနွယ်နေတဲ့ ပြည်ထောင်စုလမ်းပိုင်း ဖြစ်တဲ့ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး တကြောလုံးအတွက်ကိုလည်း သတိထားဖို့ လိုအပ် တော့မှာလည်းဖြစ်ပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post