ရန်သူကိုစစ်ဦး ချိုးပစ်မယ်



ရှမ်းမြောက်က  ရန်သူ စစ်ဦးကျိုးဖို့ အမြန်ဆုံးလိုအပ်နေပြီ။ မကျိုးကျိုးအောင်လည်း ချိုးပစ်ရပါမယ်။ ရန်သူစစ်ဦးကျိုးပြီ ဆိုတာနဲ့ ဒလဟောပြိုဆင်းသွားပါလိမ့်မယ်။
-
၈ ရက်နေ့ လာရှိူးတိုက်မယ်ဆိုတဲ့ သတင်းထွက်နေလို့ လာရှိုးမှာ ရန်သူကို စစ်ဦးချိုးလိုက်နိုင်ပြီ ဆိုရင် ရန်သူဟာ ဖရိုဖရဲနဲ့ ပြိုဆင်းသွားပါလိမ့်မယ်။
-
ရန်သူ စစ်ဦးကျိုးဖို့ အတွက် ရန်သူကို များများtတ်နိုင်ဖို့ များများချေမှူန်းနိုင်ဖို့လိုတယ်။
-
စစ်ကူ ပစ်ကူတွေ ကောင်းဖို့ လိုတယ်။ ပစ်ကူတွေ ထိထိရောက်နဲ့ ရန်သူကို ချေမှူန်းနိုင်ရမယ်။
-
ဉာဏ်မီသလောက် အကြံပြုရရင်လေ ကြည်း ပူးပေါင်းစစ်ဆင်ရေးတွေ ထိရောက်ဖို့ လိုတယ်။ ယခုကတည်းကနေ ရန်သူ စုဖွဲ့နေတဲ့ နေရာတွေကို ဖျက်အားပြင်းဗုံးတွေနဲ့ များများကျဲချထားသင့်ပြီ။ ရန်သူ့ အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းတွေ ကြိုတင်ချေမှူန်းထားသင့်ပြီ။ ရခိုင်နဲ့ ကရင်မှာ သုံးခဲ့တဲ့ ညအချိန် တိုက်ခိုက်နိုင်တဲ့ လေယာဉ်တွေနဲ့ ညဘက်မှာပါ တိုက်ခိုက်သင့်နေပြီ။
-
ကိုယ့်အင်အားကို ရသလောက်စုစည်းပြီး လာရှိူးပတ်လည်မှာ ထုဖြင့် ခံစစ်ဆင်နိုင်အောင် ပြင်ဆင်ထားသင့် ပြီ။ ရန်သူဒရုန်းတွေ မိမိရဲ့ နေရာခံစစ်ရှိ ရေနဲ့ ရိက္ခာတွေ တိုက်ခိုက်ဖျက်ဆီး တတ်တာကို သတိထားပြီး ရေ ရိက္ခာ ပျက်စီးမှု မရှိစေရေး ပြင်ဆင်ထားရမယ်။
-
ရန်သူ့ ဒရုန်းတွေရဲ့ တည်နေရာကို ထောက်လှန်းပြီး ကြိုတင်ချေမှုန်းထားသင့်တယ်။
-
အရေးကြီးတာက မိမိရဲ့ တန်ပြန် ဒရုန်းစစ်ဆင်ရေးပါပဲ။
-
ဒီအချိန်မှာ မြန်မာပြည်မှာ ရှိသမျှ တိုက်ခိုက်ရေး ဒရုန်းတွေ ၊ ဒရော့ချဗုံးတွေနဲ့ ဒရုန်းပညာရှင်တွေ လာရှိူးမှာ စုဖွဲ့ထားပြီး ရန်သူကိုတန်ပြန် တိုက်ခိုက်ဖို့ ပြင်ဆင်ထားသင့်ပြီ။
-
ချောင်းနှစ်ခွ ဒရုန်း ၄ စီး ရဲ့ အစွမ်းနဲ့ စစ်ဆင်ရေး အောင်မြင်ခဲ့တာ ဟာ အကောင်းဆုံးသာဓက ပါပဲ။
-
ရန်သူစစ်ဦးကျိုးတာနဲ့ ကိုယ်က တန်ပြန်တိုက်စစ်ပြန်စနိုင်ပြီဆိုရင် ရန်သူ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ အကုန်လုံးပြန်ရပါလိမ့်မယ်။
-
ဒါကြောင့် ရန်သူ ကို စစ်ဦးကျိုးဖို့ ရဲရဲရင့်ရင့် ချေမှူန်းတိုက်ခိုက်သွားကြပါလို့ တိုက်တွန်းအကြံပြုချင်တယ်။
-
တပ်မတော်ရဲ့ တရားသောစစ်အောင်ရမယ်လို့ ယုံကြည်တယ်။

Crd:အောင်နိုင်သူ(ဇွဲကပင်)(7.1.24)

Post a Comment

Previous Post Next Post