လောက်ကိုင်ဒေသမှာ လက်နက်မချခဲ့တဲ့ စကခ (၁) စကခမှူး


လောက်ကိုင်(ဒကစ) ကြီး လက်နက်ချလိုက်ပေမယ့် လောက်ကိုင်မြို့အပေါ်ဘက်မှာရှိနေတဲ့ စကခ (၁) ကျောက်မဲအခြေစိုက် စကခဟာ လက်နက်မချခဲ့ပါဘူး။
-
လောက်ကိုင်အထက်က ပွိုင့် ၂၂၀၂ ခံစစ်စခန်းပေါ်မှာ   စကခ ၁ မှူး  ဗိုလ်မှူးချုပ် မင်းမောင်ရဲ့  အင်အား ၃၅၀ ကျော်  အရာရှိ/စစ်သည်များဟာ စစ်သူရဲကောင်းပီသစွာနဲ့ ရန်သူထံ လက်နက်မချဘဲ ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
-
နောက်ဆုံးညှိနှိုင်းချက်အရ အကိုကြီးတို့သဘော ကျွန်တော်ကတော့လက်နက်မချနိုင်ဘူးဆိုပြီး ငြင်းဆန်ပြီး ပွိုင့် ၂၂၀၂ အပေါ်ပြန်တက်သွားသူတစ်ယောက်ပါ။
-
မှတ်မှတ်ရရ   လောက်ကိုင် ဒကစမှူးနဲ့ ဗိုလ်မှူးချုပ်အဆင့်  ၆ ဦးအပါအဝင်  အရာရှိ/စစ်သည်အင်အား ၂၁၀၀ ကျော်ဟာ  လက်နက် ၄၀၀၀ ကျော်နဲ့ အမြောက်  ဒုံးများ  တင့်ကား သံချပ်ကားများကို  နေ့လည် ၁၁ နာရီလောက်ထဲက  အပ်နှံနေခဲ့တာ  ညပိုင်း   ၁၀ နာရီကျော်အထိပါပဲ။
-
အခြေအနေကို  ရိပ်စားမိတဲ့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ဟာ   ပွိုင့်၂၀၂၂  စခန်းပေါ်က   စကခ ၁ မှူး   ဗိုလ်မှူးချုပ် မင်းမောင်နဲ့ အရာရှိ/စစ်သည်များကို  ထပ်မံ မဆုံးရှုံးစေရေးအတွက် ပြန်ဆုတ်လာခဲ့ဖို့  အမိန့်ပေးခဲ့ပါတော့တယ်။
-
ကျွန်တော်  မဆုတ်ချင်ဘူး   အသေခံ ချပါရစေဆိုပြီး ငြင်းဆန်ခဲ့ပါသေးတယ်။
-
ဒုချုပ်ကိုယ်တိုင်ဖုန်းဆက်ပြီး ဆုတ်လာဖို. အမိန့်ပေးလာချိန်မှာတော့ အမိန့်ကိုနာခံပြီး ငိုက် ၄  ငိုက်ဖြစ်တဲ့
* ပထဝီအငိုက်
* အချိန်အငိုက်
* ရာသီအငိုက်
* ရန်သူအငိုက်
တို့ကိုယူပြီး   ညအမှောင်ကိုအကာအကွယ်ယူရင်း    စနစ်တကျ  ခွါစစ်ဆင်ခဲ့ပါတယ်။
-
ညအချိန်  အမှောင်ထုကိုကာကွယ်ယူရင်း ဓါတ်မီးမသုံး၊ ဆေးလိပ်မသောက်၊ ချောင်းမဆိုးကြဘဲ ချမ်းအေး လွန်းတဲ့  ရာသီဥတုနဲ့ အ ကာလ ညအမှောင်ထဲမှာ  ကြယ်ရောင်ကိုအားပြုပြီး  တရွေ့ရွေ့  ချီတက်ခဲ့ပါတယ်။
-
ထမင်းဆာလာရင် ရေဘူးထဲက ရေတွေကုန်လို့ ဆုတ်ခွါရာလမ်းတစ်လျှောက်က  စိမ့်စမ်းရေ တစ်ချို့ကို အာဟာရအဖြစ်မှီဝဲပြီး  လိုရာခရီးကို   ချီတက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။
-
လောက်ကိုင်မြို့မှာတော့  ရန်သူတွေက  အောင်ပွဲခံ  ပျော်ပါးနေကြချိန်ဖြစ်သောကြောင့် အလစ်မငိုက် ရယူပြီးဆုတ်ခွာနိူင်ခဲ့ပါတယ်။
-
လားရှိုး ရမခတွင်  လှုပ်ရှား ကစထ ရဲ့  ဆက်သွယ်ရေးစက်ပေါ်ကနေ ၂ နာရီတစ်ကြိမ် ၄ လုံး   ၆ လုံး မပညများ၊ အချိန်များပေးပြီး မြေပုံထောက်နေကြတဲ့  စစ်ဆင်ရေး အထူးအဖွဲ့မှူးနဲ့ ဒုတပ်ချုပ်ကြီးတို့ ကလည်း တောက်လျှောက် စောင့်ကြည့်နေကြရပါတယ်။
-
လောက်ကိုင်ကျပြီးနောက်တစ်ရက်   မှာတော့ ရန်သူနဲ့ အတော်ဝေးရာ ကျည်လွတ်မြေရောက်တော့   MI17 ရဟတ်ယာဉ်တွေနဲ့  MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်စုဟာ   ဗိုလ်ချုပ်မင်းမောင်  ဉီးစီးတဲ့ စကခ ၁ မှ အရာရှိ စစ်သည်များနဲ့ ပူးပေါင်းနိူင်ခဲ့ပါပြီ။
-
အဲ့ဒီနောက်မှာတော့  အခေါက်ခေါက်အခါခါဖြင့် နေရာတစ်ခုကို ပို့ဆောင်ပေးခဲ့။
-
သူတို့အားလုံးမှာ ကိုယ်စီကိုင်ဆောင်ထားကြတဲ့ လက်နက် ခဲယမ်း နဲ့ ဗုံးသီး  ဒုံးသီးများ တပါတည်း ပါလာခဲ့ကြပါတယ်။....
-
စိတ်ဓါတ်ကတော့ စံပြု ထိုက်သူ  စစ်သူရဲများပါပဲ။  လေးစားဦးညွတ်ပါသည်ခင်ဗျာ။
-
ယခု ကျမ္မာရေးချို့တဲ့သူ၊ ဒါဏ်ရာရသူ အရာရှိ  စစ်သည်များကို  စစ်ဆေးရုံမှာ ဆေးဝါးကုသပေး လျက်ရှိတယ်ဟု သိရပါတယ်။
-
သူလို စိတ်များထားနိူင်ကြပါစေ။
-
အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ လက်နက်ချခြင်းဟာ သဘောသဘာဝမတူပါဘူး။


Post a Comment

Previous Post Next Post