လောက်ကိုင်အထင်ကြီးနေကြတဲ့သူတွေဖတ်ဖို့လောက်ကိုင်မြို့အကြောင်း တစေ့တစောင်း


မြေကျန်ရင် ရပြီ
ကျဲသာကျဲ အော်တာအလကား

ကြိုက်လို့ယူလာတယ်

ဒီမြို့မှာ မေတ္တာတရားမရှိဘူး
ငွေကဘုရားသခင်ပဲ
သူငယ်ချင်းမရှိ မိတ်ဆွေမရှိ
အရာအားလုံး ငွေပဲကြည့်တဲ့မြို့...

ဒီမြို့မှာ ကိုယ်ချင်းစာတရားနတ္ထိ
နေရာကအရေးကြီးတယ်
မင်းဘာကောင်လဲ ငါဘာကောင်လဲဆိုကြရင်း
နှလုံးသားတွေ သေနေတဲ့မြို့...

ဒီမြို့မှာ သစ္စာတရားမရှိ
ကိုယ့်ဒေသမှာ မိန်းမ ယောက်ျားရှိလည်း
ဒီနေရာမှာ လူပျိူ အပျိုလုပ်ရင်း
စာရိတ္တတွေခမ်းခြောက်နေတဲ့မြို့...

ဒီမြို့မှာ အကြင်နာတရားပျက်ပြယ်ခေါင်းပါး
စိနေတြရဲ့ စကားတစ်ခွန်းကအတည်
သွားမလုပ်နဲ့ သေတတ်တယ်ဆိုတာက
ထမင်းစားရေသောက်လို ဖြစ်နေတဲ့မြို့...

ဒီမြို့မှာ လူမိုက်မရှိဘူး
အကုန်လူ့အန္ဓတွေချည်းရှိတဲ့အရပ်
ပြဿနာတက်ကြရင်လည်း လက်နဲ့မရှင်း
သေနတ်နဲ့ရှင်းရင်း သူသေကိုယ်သေ သတ်ရတဲ့မြို့...

ဒီမြို့မှာ မြန်မာငွေအဖိုးမတန်
မော်စီတုန်းပုံတွေသာပလူပျံရင်း
မီးရောင်စုံရဲ့ညချမ်းတွေကြားက
ဂနိုင်ထဲရောက်နေရတဲ့မြို့....

ဒီမြို့မှာ ဗမာတွေဈေးပေါသလောက်
ဗီယက်နမ် အော်ဇီသူတွေ
ဈေးအရမ်းရနေပီးခေတ်ကောင်းကာမြူး
ပလုံကောက်ရင်းဗမာတွေပျော်တဲ့မြို့...

ဒီမြို့မှာ ကရုဏာတရားဆိုတာမကြားဖူး
ရဟန်းသံဃာတွေ့ရင်တောင်
ဦးသုံးကြိမ်ချဖို့အတွက် စိန်လိုရေးထားတဲ့
ဆိုင်းဘုတ်တွေကိုရှောင်ရင်းဦးချရတဲ့မြို့...

ဒီမြို့မှာ ဒေသခံတွေကကြံခုတ် ပန်းရံလုပ်
ဈေးထဲမှာအသီးနှံလေးရောင်းရင်း
မသေထမင်းစားနေရပေမယ့်
မျက်လုံးမှေးမှေး အသားနီစပ်စပ်ကောင်တွေ
ကြီးစိုးတဲ့မြို့...

ဒီမြို့မှာ ကားတွေပေါသလောက်
လိုင်စင်ကားရှာမရရင် လမ်းတွေပေါ်
ပေါက်လွတ်ပဲစားရပ်ကာ
ပလက်ဖောင်းရှာမရတဲ့မြို့....

ဒီမြို့ရဲ့လမ်းတွေက
lexus စီးကာ လမ်းပေါ်သွားရင်း
ထမင်းကြော်စားသွားရင်တောင်
အစာကြေသထက်ကြေစေသောလမ်းတွေရှိတဲ့မြို့...

ဒီမြို့မှာ ဥပဒေကရောင့်ရဲ
ဘယ်ကောင်သေနတ်နဲ့လူအင်အားပိုများသလဲ
ဘယ်သူကဘာကောင်ကြီးလဲဆိုရင်း
ယာကူဇာတွေနေထိုင်ရာမြို့...

ဒီမြို့မှာ ကေနဲ့ဟိုးမလား
ဝိနဲ့လွင့်မလား မုတ်ဖွာကြမလား
ဖဲရိုက်ရင်း ဖာခ္မလား
ဘာလာလာဒေါင်းတဲ့ ဆယ့်နှစ်လုံးပိတ်မြို့...

ဒီမြို့မှာ ငွေရှာရင်း
ဖားကန့်ကျောက်တူးသွားတဲ့ကောင်တွေလို
ဆေးချ ယင်းကွဲပီး ဘဝပျက်
မိဘဆီတောင်အလောင်းမရောက်အောင် နေနိုင်တဲ့မြို့...

ဒီမြို့မှာ အပေါဆုံးက
ဗမာတွေအသက်

အရွားပါးဆုံးက
ဒေသခံနဲ့ဗမာသူဌေး

အငတ်မွတ်ဆုံးက
မော်စီတုန်းပုံပါသော အနီရောင်အရွက်တွေ

ရှာလို့မတွေ့နိုင် တာက
ကိုယ်ချင်းစာတရားနဲ့လောကပါလတရား...

ဝယ်လို့မရနိုင်တာက
မေတ္တာ တရားနဲ့ သစ္စာ...

အခိုင်ခန့်ဆုံးသောကြိုးက
စိန်တွေ လန်းဂွေ့ခ်ျနဲ့ ရေးထားသောစာချုပ်...

ပျောက်ဆုံးနေတာက
မုဒိတာနဲ့ မျှဝေခြင်း...

ရနိုင်တာက
HIV နဲ့ ရောဂါမျိူးစုံ...

ဖြစ်နိုင်ချေအရှိဆုံးက
ဆေးသမားနဲ့ဖဲသမား...

ပျက်နိုင်ခြေအရှိဆုံးက
နှစ်လုံးတည်းနဲ့ အဓိပ္ပါယ်ပြည့်ဝသော ဘဝ

ဆိုတော့
အနှစ်ချုပ်ရရင်
စောက်ထင်ကြီးပြီးမလာကြနဲ့

ကိုလေးသီချင်းလိုပဲ
မြို့ပြလို့ပြောလည်းပဲ အမှန်တကယ်တမ်းတော့
တောနက်ကြီးတစ်ခုလိုပါပဲဆိုတဲ့မြို့...

ဆွေမျိုးနဲ့မိတ်ဆွေမရှိရင် ယောက်ျားလေးတွေက
ကြံခုတ်ရင်းအသက်ပျောက် မိန်းကလေးတွေက
ဖာဖြစ်ရင်းလမ်းပျောက်နေရတဲ့မြို့...

#လောက်ကိုင်ကလူလိမ္မာလေး

Post a Comment

Previous Post Next Post