သခွပ်ပင်က မီးတကျီကျီ မလုပ်ဖို့တော့ လိုပါလိမ့်မယ်


ခုခေါတ် စစ်သားတွေက
ကျည်ကာအင်းကျ္င်္ီင်္ီီ ဝတ်ဆင်ခွင့်ရတယ်      ခြေလျင်  ခြေမြန်က
စစ်သည်တွေကို   ခေါတ်မှီရဟတ်ယာဥ္ MI17 တွေနဲ့  တပ်
ရင်း  စစ်ကြောင်းအလိုက်  လေ
ကြောင်းချီ  စစ်ကူပစ်ကူတွေနဲ့
အဝိုင်းခံနေရတဲ့ တပ်စခန်းတွေအနားအထိ    PILOT တွေကချ
ပေးနေတယ်

             လေကြောင်းပစ်ကူခေါ်
တာနဲ့  အခြေအနေပေါ်မူတည်ပြီးတော့   ရုပ်ဆိုး MI35 လို တိုက်ခိုက်ရေးရဟတ်ယာဥ္ တွေ
ခေါ်တ်မှီ  ဂျက်ဖိုက်တာတွေရဲ့
လေကြောင်းပစ်ကူ  ကိုလည်း
ရရှိကြတယ်         တာဝေးပစ်
155MM  ဟောင်ဝစ်ဇာအမြောက်တွေ    12MM Missile  အတွဲလိုက်ဒုံးတွေရဲ့
ပစ်ကူတွေလည်း   ရရှိတယ်

            Air  Borne  လေကြောင်း
ချီတပ်ဖွဲ့တွေရဲ့ စစ်ကူကိုလည်း
ရရှိနိုင်ပါတယ်        ရိက္ခါ   ခဲယမ်းမပြတ်ရအောင်လည်း
Air  Drop လုပ်ပြီး  PILOT များ
က     စွန့်စွန့်စားစား  ချပေးခဲ့ကြ
တယ်        တပ်ချုပ်နဲ့   ဒုချုပ်ကြီးတို့ရော     ကစထမှုးကြီးတွေရော    မိမိစစ်သည်  အရာရှိများရဲ့  လိုအပ်ချက်မှန်သမျှကို
အရေးပေါ်ကာလအဖြစ်သတ်မှတ်ပြီးတော့   စစ်ရုံးMOD
မှာတောင်မနေကြတော့ဘဲ  တိုက်ပွဲဖြစ်ပွါးရာ နေရာဒေသအနီးက   တိုင်းစစ်ဌာနချုပ်တွေမှာ  အနီးကပ် ကြီးကြပ်ကွပ်ကဲ
လို့   အချိန်ပြည့်   အိပ်ရေးအပျက်ခံ  အစာစားချိန်မမှန်ဖြစ်ရလောက်အောင်အထိ စစ်
ဆင်ရေး အောင်မြင်စေရေး အ
စွမ်းကုန်  အားထုတ်ခဲ့ကြတယ်

            ရှမ်းမြောက်ဒေသမှာစစ်
ဆင်ရေးကြီးကို    မျောက် ၃
ကောင်ဖြစ်တဲ့  MNDAA   AA
TNLA  တွေက   1027  Operations  အမည်နဲ့  မိမိတပ်စခန်း  ရဲစခန်း  ပြည်သူ့စစ်စခန်း  နယ်ခြားစောင့်တပ်စခန်း
များကို     ရက်ပေါင်း  ၇၀ ခန့်အ
တွင်း     လက်ဆ ခပ်ပြင်းပြင်းနဲ့
ချေမှုန်းတာကို  ခံကြရပါတယ်

             ရန်သူဟာ   ရန်သူအလုပ်ကို  ပီပီပြင်ပြင် လုပ်ပြ
သွားခဲ့တယ်     မိမိစစ်သည်တွေကတော့    ကျဆုံး   ဒါဏ်ရာရသူများအပြင်   ရန်သူရဲ့ စစ်သုံ့ပန်း  Prisoner  of  War
အဖြစ်   အရှင်အဖမ်းခံကြရတယ်         အနိမ့်ဆုံး တပ်ခွဲမှုး
ဗက အဆင့်ကနေ   အမြင့်ဆုံး
ဗိုလ်မှုးချုပ်အဆင့်အထိပါ ရန်
သူရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ကြရပါတယ်

            လက်နက်ငယ်  လက်နက်ကြီးများအပြင် မဟာ
ဗျူဟာမြောက်   အမြောက်  ဒုံး
များအပြင်     သံချပ်ကာကား
တင့်ကားများပါ  ရန်သူက အ
ကောင်းပကတိအတိုင်း ရရှိသွား
ကြပါတယ်        ရန်သူတပ်ဖွဲ့ဝင်များဟာ   မိမိရဲ့ သံချပ်ကာ
ယာဥ္များကို   မောင်းနှင်အောင်ပွဲခံပြခြင်း    155mm ဟောင်ဝစ်ဇာ အမြောက်ကြီးများကို   လက်တွေ့ လေ့ကျင့်ပစ်ခတ်ပြခြင်းတို့ဖြင့်  မိမိတပ်
ဖွဲ့ဝင်များရဲ့ စိတ်ဓါတ်ပိုင်းကို
ရိုက်ချိုးပြနေပါတော့တယ်

          ပလက်ဝ ဘက်မှာရော
နမ့်ဆန်ဘက်မှာရော     လောက်ကိုင်ဘက်မှာရော  ဗိုလ်မှုးချုပ်အဆင့်တွေ အရှင်အဖမ်းခံ
ရချိန်မှာ     လောက်ကိုင်အထက်က    ပွိုင့် ၂၂၀၂ ခံစစ်
စခန်းပေါ်မှာ   စကခ ၁မှုး  ဗိုလ်
မှုးချုပ်  မင်းမောင် ရဲ့  အင်အား
၃၅၀ ကျော်  အရာရှိ စစ်သည်များဟာ    စစ်သူရဲကောင်းပီသ
စွာနဲ့   ရန်သူထံ  လက်နက်မချဘဲ  ခုခံတိုက်ခိုက်ဖို့   ပြင်ဆင်ပါ
တော့တယ်  

              မှတ်မှတ်ရရ   လောက်ကိုင် ဒကစမှုးနဲ့ ဗိုလ်မှုးချုပ်အဆင့်  ၆ ဦးအပါအဝင်  အရာရှိစစ်သည်အင်အား ၂၁၀၀ ကျော်ဟာ  လက်နက် ၄၀၀၀ ကျော်နဲ့ အမြောက်  ဒုံးများ  တင့်ကား
သံချပ်ကားများကို  နေ့လည်
၁၁ နာရီလောက်ထဲက  အပ်နှံနေ
ခဲ့တာ  ညပိုင်း   ၁၀ နာရီကျော်အထိပါဘဲ

             အခြေအနေကို  ရိပ်စားမိတဲ့ တပ်ချုပ်ကြီးနဲ့ ဒု
တပ်ချုပ်ကြီးတို့ဟာ   ပိွုင့်၂၀၂၂  စခန်းပေါ်က   စကခ ၁
မှုး   ဗိုလ်မှုးချုပ် မင်းမောင်နဲ့
အရာရှိ စစ်သည်များကို  ထပ်မံ
မဆုံးရှုံးစေရေးအတွက်  ပြန်ဆုတ်လာခဲ့ဖို့  အမိန့်ပေးခဲ့ပါ
တော့တယ်      ဒါတောင်မှ  မဆုတ်ဘူး   အသေခံ ချမယ်ဆို
တော့    အာဏာပြင်းလွန်းတဲ့စစ်
မိန့်ကြောင့်  အမိန့်ကိုနာခံပြီး
ငိုက်    ၄   ငိုက်ဖြစ်တဲ့ ***

၁      ပထဝီအငိုကျ

၂       အချိန်အငိုက်

၃       ရာသီဥတုအငိုက်

၄        ရန်သူအငိုက်

တို့ကိုယူပြီး   ညအမှောင်ကိုအ
ကာအကွယ်ယူရင်း    စနစ်တကျ  ခွါစစ်ဆင်ခဲ့ကြရပါ
တော့တယ်         သာမန်အချိန်
မှာ   စစ်သားများဟာ ၁ နာရီ ၃မိုင်နှုန်းနဲ့ ချီတက်ကြပါတယ်
ညအချိန်  အမှောင်ထုထဲမှာ
လုံ    ၄  လုံ ဖြစ်တဲ့

၁     အသံ

၂      အရောင်

၃      အနံ့

၄        သတင်း

တို့ကို   အထူးဂရုစိုက်ကာ ဓါတ်
မီးမသုံး    ဆေးလိပ်မသောက်
ချောင်းမဆိုး  အီးမပေါက်  နား
ရွက်မခတ်ကြဘဲ    ချမ်းအေး
လွန်းတဲ့  ရာသီဥတုနဲ့ အ ကာလ ညအမှောင်ထဲမှာ  ကြယ်ရောင်ကိုအားပြုပြီး  တရွေ့ရွေ့  ချီတက်ခဲ့ကြရပါတယ်

               ထမင်းဆာတာပေါ့ဗျာ
ရေဘူးထဲက ရေတွေကုန်လို့
ဆုတ်ခွါရာလမ်းတစ်လျှောက်က  စိမ့်စမ်းရေ တစ်ချို့ကို အာ
ဟာရအဖြစ်မှီဝဲပြီး  လိုရာခရီးကို   ချီတက်ခဲ့ကြရပါတယ်
လောက်ကိုင်မြို့မှာတော့  ရန်သူ
တွေက  အောင်ပွဲခံ  ပျော်ပါးနေကြလေရဲ့

လားရိှုး  ရမခတွင်  လှုပ်
ရှား ကစထ ရဲ့  ဆက်သွယ်ရေးစက်ပေါ်ကနေ     ၂ နာရီ တစ်ကြိမ်    ၄ လုံး   ၆ လုံး  မပည
များ အချိန်များပေးပြီး  မြေပုံ
ထောက်နေကြတဲ့  စစ်ဆင်ရေး အထူးအဖွဲ့မှုးနဲ့   ဒုတပ်ချုပ်ကြီး
တို့    စိုးရိမ်စိတ်တို့က  ကြီးစိုး
နေပါတယ်

             လောက်ကိုင်ကျပြီးနောက်တစ်ရက်   မှာတော့ ရန်သူနဲ့ အတော်ဝေးရာ ကျည်
လွတ်မြေရောက်တော့   MI17
ရဟတ်ယာဥ္များနဲ့  MI35 တိုက်ခိုက်ရေးရဟတ်ယာဥ္အုပ်
  စုဟာ   ဗိုလ်ချုပ်မင်းမောင်  ဉီးစီးတဲ့  စကခ ၁ မှ  အရာရှိ စစ်သည်များကို    အခေါက်ခေါက်အခါခါ  တန့်
ယန်း  ခလရ ၃၃  သို့   သယ်ဆောင်ပေးခဲ့ကြရပါတယ်
သူတို့အားလုံးမှာ ကိုယ်စီကိုင်ဆောငမထားကြတဲ့ လက်နက် ခဲယမ်း နဲ့ ဗုံးသီး  ဒုံးသီးများ တပါတည်း ပါလာခဲ့ကြပါတယ်
စိတ်ဓါတ်ကတော့ စံပြု ထိုက်သူ  စစ်သူရဲများပါဘဲ  လေးစား
ဦးညွတ်ပါသည်ခင်ဗျာ

              ခုတော့    ကျမ္မာရေး
ချို့တဲ့သူ      ဒါဏ်ရာရသူ အ
ရာရှိ  စစ်သည်များကို  စစ်ဆေး
ရုံမှာ  ဆေးဝါးကုသပေးနေခဲ့ပါ
တယ်       ဗိုလ်ချုပ်မင်းမောင်
နဲ့  စကခ ၁  အရာရှိ စစ်သည်များဟာ   တန့်ယန်းနယ်မြေမှာ
အခိုင်အမာ  ခံစစ်ပြင်ဆင်ရင်း
ရန်သူများကို  တန်ပြန်တိုက်စစ်
ဖွင့်  စစ်ဆင်ခါနီးတွင်   ယာယီ
အပစ်အခတ်  ရပ်စဲလိုက်သည်တဲ့ဗျာ     သူတို့ စစ်သူရဲတွေ
စိတ်ထဲ ဘယ်လိုခံစားကြရမလဲ

            လောက်ကိုင် မှာလက်နက်ချတဲ့ နေ့လည်ပိုင်းက အရာရှိ  စစ်သည်တွေကို  လက်နက်များ ချ   အီကွေ့မင့်
Equipment  များ  ခဲယမ်း  ဗုံး
သီးများချပြီးတာနဲ့  ပထမဆုံးအလုပ်က   လက်နှစ်ဖက်ကို မိုး
ပေါ် မြှောက်ခိုင်းတာပါဘဲ

              ပြီးတာနဲ့   အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့သာ  ချန်ထားပါတယ်     ရွှေ  ငွေ  တယ်လီဖုန်း  အကုန်သိမ်းပါတယ်        ညင်ညင်သာသာ
တော့ ဘယ်ဟုတ်လိမ့်မလဲဗျာ
အရာရှိ  စစ်သည်တွေ  မျက်
ရည်တွေ  စီးကျကုန်တယ်  ကြေ
ကွဲခြင်း   ဝမ်းနည်းခြင်း   ဒေါသ
ထွက်ခြင်း   အားမလိုအားမရ
စိတ်တို့ဖြင့်    စိတ်ဒါဏ်ရာများရကုန်ကြပါတယ်    ဒီစိတ်ဒါဏ်ရာကို    ကုစားဖို့ဆိုတာက  အချိန်ကာလ တစ်ခုတော့ပေးရ
လိမ့်မယ်  ထင်ပါရဲ့ဗျာ

             စစ်နိုင်သူကသာ   သမိုင်းကို  ရေးခွင့်ရတာပါ
              စစ်ရှုံးသူ    ဆိုတာက
နောင်တ နဲ့သင်ခန်းစာတွေဘဲရ
တတ်တာ  သဘာဝ  မဟုတ်လားဗျာ

စောက်သုံးမကျသော  စစ်ခေါင်းဆောင်တစ်ချို့ကြောင့်
မြန်မာ့ တပ်မတော်ရာဇဝင်ရိုင်း
ခဲ့ပြီပေါ့       အိမ်ထောင်စုတစ်ခု
မှာ    ဆိုးခြင်း  ကောင်းခြင်းကို
ခံစားရတာက  အိမ်ထောင်ဦးစီးပါဘဲ

           ဒီသဘောပါဘဲ  တပ်ချုပ်
ကြီးနဲ့  ဒုတပ်ချုပ်ကြီးတို့မှာလည်း     အပြစ်တင်သူများရဲ့
အပြစ်ပြောတာ  ခံကြရပါတယ်
နားလည်ပေးတတ်သူများကတော့     My   Commander
Is    Always   Right.  ဆိုတဲ့
ကိုယ့်ခေါင်းဆောက်ဟာ  အမြဲ
တမ်း မှန်တယ်  ဆိုတဲ့စိတ်ကို
မွေးမြူကြပါတယ်    ခံစားချက်
ကို  ဦးစားမပေးတဲ့သဘောပါဘဲ

           မာယာများလွန်းတဲ့ခေါတ်သစ် ရှမ်းမြောက် တိုက်ပွဲများရဲ့    သင်ခန်းစာဖေါ်ထုတ်
ချက် များဟာ  နောင်တခေါတ်ရဲ့  အောင်စစ်သည်  အရာရှိစစ်
သည်များရဲ့  စစ်ရေးသုံးသပ်ချက်   သင်ခန်းစာကို   သံဝေဂ
ယူဖွယ်    ပုံပြင်ဆန်ဆန်  နား
ထောင်ရင်း   စုပ်တသပ်သပ်ဖြစ်နေဦးမှာကတော့  အမှန်ပါဘဲခင်ဗျာ    လက်နက်ကြီးတွကို ၈၅° ဒီဂရီ  မိုးပေါ် ပြောင်းတွေထောင်ပြီး မိမိပေါ်ဘဲကျကျ
ရန်သူ့ပေါ်ဘဲကျကျ  စွန့်စားတိုက်ပွဲဝင်ခဲ့တဲ့ ချောင်းနှစ်ခွစခန်းက တပ်မတော်သားများ
ရဲတပ်ဖွဲ့ဝင်များ    စစ်ကူ BGF
တပ်ဖွဲ့ဝင်များရဲ့စိတ်ဓါတ်လိုသာဆိုလျှင်  အဘယ်မျှ ကောင်းလေမည်နည်း

           ခုလည်း  အနားသတ်ညီ
ညီနဲ့   နယ်မြေလုစစ်ပွဲကြီးဟာ
ပြီးဆုံးသွားသေးတာမှ  မဟုတ်တာဗျာ       မကြေနပ်ပွဲတွေ ဆင်နွှဲလာဦးမဲ့ သဘောသဘာဝ
ရှိပါတယ်        နယ်မြေဒေသအ
သီးသီးက  ရဟန်း ရှင်လူ ပြည်သူအများစုက    အမျိုးဘာသာ
သာသနာအတွက်   တပ်မတော်
နဲ့ လက်တွဲ တိုက်ပွဲဝင်ရန် အဆင်သင့်  ဖြစ်ကြောင်း ဆန္ဒ
ပြနေကြတာဟာ  အားရကြေနပ်
စရာကောင်းလွန်းလှပါတယ်

              ရန်သူဘက်ကလည်း
ဘုရားကို  ဖြိုပြတယ်   ဆင်းတု
တော်တွေကို  ချိုးဖဲ့ ဖျက်ဆီးပြ
ကြတယ်     ကျုပ်တို့ အသဲတွေ ကွဲကြေသလို ခံစားကြရပြီလေ
ပထမပိုင်း ပြီးလို့   ခဏအနားပေးထားတဲ့ ကာလလို့သာ
မှတ်ယူထားပါ     ခင်ဗျားတို့ကျုပ်တို့   အားလုံး စိတ်ဓါတ်ကို
ပြင်ကြဖို့လိုပြီ    စည်းလုံးညီညွတ်ချိန်တန်ပြီ    

             ထိုးမဲ့ ဆင်   နောက်တစ်
လှမ်း ဆုတ်နေတာလို့  ခံယူထား
ပါ          ကျုပ်တို့  စစ်ကိုမုန်းလို့
တိုက်ကြရဦးမှာပါ    ပွဲမပြီးသေးပါဘူး        အနိုင်အရှုံး  ဘယ်သူက  သတ်မှတ်တာလဲ
သင်္ခန်းစာယူတတ်ကြပါစေခင်ဗျာ   တစ်ဦးနဲ့တစ်ဦး အနီတွေ  အစိမ်းတွေ  အပြာတွေ  အဝါတွေ  မလိုတော့ပါဘူး
တပ်ချုပ်ကြီးနဲ့  ဒုတပ်ချုပ်ကြီး
တို့ဘက်ကလည်း   ကျုပ်တို့ခင်
ဗျားတို့ မသိ  မမှီ နိုင်တဲ့ ပြည်တွင်း ပြည်ပအရေးအရာ
တွေနဲ့  အာရုဏ်နောက်နေချိန်မှာ
သခွပ်ပင်က  မီးတကျီကျီ  မလုပ်ဖို့တော့  လိုပါလိမ့်မယ်

Post a Comment

Previous Post Next Post