အပေါစားဆန်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး


အကောင့်ကလည်း ဟိုမရောက် ဒီမရောက် အကောင့်တုကြီးနဲ့ အပေါစားဆန်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးပဲ။

စစ်သားတွေက ဘက်သာပြောင်းချင်ရင် ခုချိန်ထိတောင် သူတို့စည်းရုံးစရာ မလိုဘူး။ စစ်သားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သစ္စာစောင့်သိမှုပဲ။

စစ်သားဆိုတာ သေမှာ ကြောက်နေရင် စစ်တပ်ထဲတောင် ဝင်လာကြမှာ မဟုတ်ဘူး။ စစ်မြေပြင်မှာ မတတ်သာလို့ အခြေအနေ အချိန်အခါတစ်ခုအရ လက်နက်ချ လိုက်ရတဲ့သူတွေ တချို့ ရှိကောင်း ရှိနိုင်တယ်။

ဒီလို အခြေအနေမှာတောင် သစ္စာတရား လက်ကိုင်ထားသူက လက်နက်ချခြင်း မဟုတ်တဲ့ အခြားနည်း အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လေ့ ရှိတယ်။ စစ်တပ်ထဲမှာ ရှိတဲ့ စစ်သားဆိုတာ ပုဂ္ဂိုလ်စွဲပြီး တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘူး။

တိုင်းပြည်ကို မျက်နှာမူ သစ္စာတရားကို အခြေခံကာ တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာ။ ဘယ်သူကြောင့် ဘယ်ဝါကြောင့် ဘယ်လူကြီးကြောင့် ဘယ်ခေါင်းဆောင်ကြောင့်ရယ် မဟုတ်ဘူး။ စစ်တပ်မှာ ဒီလူ မရှိရင် နောက်လူ လာမယ်။

တပ်မတော်က အမြဲတည်ရှိနေမယ်။ စစ်သားတွေလည်း ရှိနေမယ်။ တပ်မတော်ကို ယုံကြည်တယ်။ ခေတ်အဆက်ဆက် ပေးဆပ်ခဲ့တဲ့ တပ်မတော်သားတွေဆိုတာ တပ်မတော်အတွက်ပဲ ပေးဆပ်ခဲ့တာ။ လူကို ကြည့်နေတာ မဟုတ်ဘူး။

လူတစ်ဦး တစ်ယောက်အတွက်ပဲ ပေးဆပ်နေတာ မဟုတ်ဘူး။ အကြမ်းဖက် သူပုန်အဆင့်ပဲရှိတဲ့ အဖွဲ့အစည်းအောက်မှာ သွားနေမယ့်အစား တိုင်းပြည်တစ်ခုရဲ့ တပ်မတော် အောက်မှာ သေရတာက ပိုမြတ်ပါတယ်။

သန္တေမမှန်တဲ့ အဖွဲ့အစည်းအောက်ကိုတော့ ဘယ်လို စည်းရုံးစည်းရုံးလာမှာ မဟုတ်ဘူး။

#crd
#yyh

Post a Comment

Previous Post Next Post