အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား /အကျဉ်းသူ (၂၀၀၀) ကျော်လွှတ်ပေးပြီး နိုင်ငံရေးအကျဥ်းသား (၁၀၀)ကျော် ပါဝင်


ယနေ့ဇန်နဝါရီ(၄)ရက် နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၂၀၀၀) ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအချို့လည်း ပြန်လည် လွတ်‌မြောက်လာကြောင်း သိရသ ည်။

ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် နစက ဥက္ကဋ္ဌက နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားအကျဉ်းသူ (၉၆၀၀) ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည် လွတ်မြောက်လာသူများနှင့် အကျဉ်းသား မိသားစုဝင်များထံမှ ကနဦးရရှိသည့် သတင်းအချက်အလက်အရ ပုဒ်မ (၅၀၅) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၃၅) ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါ (၁၃၅) ဦးထဲတွင် အမျိုးသား (၇၅) ဦးနှင့် အမျိုးသမီး (၆၀) ဦး ပါဝင်ကြောင်း အင်းစိန်အကျဉ်းထောင်ရှေ့သို့ ရောက်နေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ အမျိုးသမီးဖြစ်သူက ပြောသည်။
🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️

Post a Comment

Previous Post Next Post