❝ ရိုးသားမှု ရှိကြပါစေ.....❞




၁။  လက်ရှိမြင်တွေ့နေရသမျှ ကိစ္စတွေအားလုံးကို နိုင်ငံတော်အဆင့် လူကြီးတွေ အကုန် မသိနိုင်ဘူး၊ ဒါမှမဟုတ် အောက်ခြေကနေ အပေါ်အထိ အကုန်သိအောင် တင်ပြဖို့ အဆင့်ဆင့် ပျက်ကွက်ခဲ့တာမျိုး ရှိခဲ့တယ်လို့ပဲ ယူဆမိတယ်။ ဥပမာ-ကိုးကန့်ဒေသ လိုနေရာမျိုးမှာ ကျားဖြန့်ဂိုဏ်းကြီး ဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်နေတာမျိုးကို မသိခဲ့တာမျိုးက အတော်လေးဆိုးတယ်။ သတင်းပို့ တင်ပြမှုတွေ မရှိခဲ့တာလား....။ ငါနဲ့ မဆိုင်သလိုဆိုတဲ့ စိတ်ဓာတ်နဲ့။ “ငါ့လက်ထက်မှာ ကြီးကြီးမားမားမဖြစ်ရင်ပြီးရောဆိုတဲ့ ဥပေက္ခာစိတ်နဲ့ လစ်လျူရှုခဲ့ကြတာလား” ဆိုတာကတော့ သက်ဆိုင်သူတွေသာ အသိဆုံးဖြစ်မှာပါပဲ။
----------
၂။  ဆင်ကဲ့သတင်းပို့တင်ပြမှုဆိုတဲ့ အပိုင်းနဲ့ ပတ်သက်ရင်လည်း ကိစ္စအမျိုးမျိုးနဲ့ အကြောင်းအရာ အမျိုးမျိုး ရှိနိုင်တာပါပဲ။ ဆိုပါစို့....လက်ရှိ စစ်မြေပြင်နဲ့ ပတ်သက်ပြီး တော့လည်း ဘယ်သူကတော့ “သီဟ သူရ ဘွဲ့”ရသင့်တယ်။ ဘယ်သူကတော့ “သူရဘွဲ့” ရသင့်တယ်ဆိုတာမျိုးနဲ့ ဘယ်သူကတော့ စစ်မြေပြင်ကျဆုံးနဲ့ အကျုံးဝင်ပါတယ်ဆိုတဲ့ အချက်တွေက အဓိက မြေပြင် တိုက်ခိုက်ရေးတပ်က လာတဲ့ ကြေးနန်းစာက အဓိကပဲ။ သူ့ရဲ့ စွမ်းဆောင်ရည်ကို မြေပြင် တပ်က ပေါ်လွင်အောင် တင်ပြနိုင်ရင်....ဒါမှမဟုတ် လူမှုကွန်ရက်တွေပေါ်မှာ ချောင်းနှစ်ခွ ဖြစ်စဉ်လိုမျိုး ပေါ်ပေါ်လွင်လွင် ရှိခဲ့ရင်တော့ တမျိုးပေါ့။ ဒီလိုမျိူးမဟုတ်ဘဲ  တပ်က ကြေးနန်းစာမှာလည်း ထူးခြားအောင် တင်ပြနိုင်ခဲ့ တာမျိုးမရှိရင်...သို့တည်းမဟုတ် ဆင့်ကဲတာဝန်ရှိသူတွေက “ဒီလောက်အဆင့်ကြီး တင်လိုက်ရင် လူကြီးမေးလာရင် ဘယ်လိုလုပ် မလဲ”ဆိုတဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ တွန့်ဆုတ်ခဲ့တာမျိုးရှိခဲ့ရင်....ရလာဒ်က တမျိုးတမည်ပြောင်းလဲသွားနိုင်သလို အထက် လူကြီးတွေအနေနဲ့လည်း မှတ်ချက်ထဲမှာပါတဲ့ အရာလောက်ကိုပဲ အကျဉ်းချုပ် သုံးသပ်နိုင်မယ်လို့ ယူဆတယ်။
--------
၃။  အဖွဲ့အစည်းတစ်ခုမှာ အထက်လူကြီးက ကိုယ့်ကို အထောင်းခံရမှာစိုးလို့ သတင်းပို့မှု ပျက်ကွက်တာကလည်း ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ် သစ္စာဖောက်ခြင်းတမျိုးပဲ။ ဒီလိုဖြစ်စဉ်မျိုးက  အရပ်ဘက်ရော၊ စစ်ဘက်ရော  နေရာနှစ်ခုစလုံးအတွက် သက်ဆိုင် တယ်။   ဝေဖန်တာမျိုးမဟုတ်တဲ့ အပြုသဘောဆောင်တဲ့ တင်ပြချက်တွေကိုလည်း အထက်လူကြီးတွေက နားထောင်နိုင်စွမ်းရှိဖို့ လိုအပ်သလို မိုက်ရိုင်းစော်ကားတာ မျိုးမဟုတ်တဲ့ တင်ပြချက်တွေကိုလည်း လက်အောက်က တင်ပြနိုင်ဖို့လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင် ဆုံးဖြတ်ချက်တွေ မှားသွားနိုင်တယ်။ အဖွဲ့အစည်းနဲ့ ပိုဝေးသွားနိုင်တယ်။ ဆုံးရှုံးမှုတွေ ပိုပြီး ကြီးမားသွားနိုင်တယ်။

(နရီမိုး)

Post a Comment

Previous Post Next Post