လားရှိုး လည်း ပေါ့နေလို့မရဘူး


အချိန်မရွေးဝင်လာနိုင်တယ်

မန္တလေးက စစ်ကူလာမယ်ဆိုရင်
လာဖို့မလွယ်ဘူး
လားရှိုး-မန်းလေးလမ်းပေါ်က
တံတား (၂)စင်း မိုင်းခွဲထားလို့
သုံးမရတော့ဘူး

သီပေါ-နမ္မတူကပတ်မယ်ဆိုလည်း
မိုးတေ တံတား ဝိတ်နဲ့ဖြတ်မရဘူး
ဖြတ်လို့ရတယ်ထား
လားရှိုးအဝင် အီနိုင်းတံတား
ထက်ပိုင်းကျိုးပြီး ပြတ်ကျနေပြီ
အလွယ်တကူ လာလို့မရတော့ဘူး

လားရှိုးကိုဝင်ဖို့
ရည်ရွယ်ချက်ရှိကိုရှိလိမ့်မယ်
ဒါကြောင့် အောက်ဖက်က
တံတားတွေ ချိုးထားတာ

လားရှိုးအထက်ကိုကြည့်
သိန်းနီ၊ကွတ်ခိုင်၊မူဆယ်၊နမ့်ခမ်း
ကိုယ့်လက်အောက်မှာမဟုတ်ဘူး
သူတို့လက်အောက်မှာ

ဒါကြောင့်
လားရှိုးလည်းစိတ်မချရဘူး
သတိပေါ့နေလို့တော့မရဘူး

ရှမ်းမြောက် (၁၉)မြို့နယ်မှာ
ဒီဘက်အခြမ်းမှာ
လားရှိုး၊တန့်ယန်း၊မိုင်းရယ်
သီပေါ၊ကျောက်မဲ
(၅)မြို့ပဲကျန်တော့တာ
တန့်ယန်း၊မိုင်းရယ် က
ရှမ်းဂွင်မို့ ကျန်နေတာ
သီပေါ၊ကျောက်မဲကလည်း
စိတ်ချရတဲ့ အထဲ လုံးဝမပါဘူး

ဟိုဖက်မှာက
ရှမ်းမြောက်ရဲ့အစွန်ဆုံးလို့ပြောလို့ရတဲ့
မိုးမိတ်၊မဘိမ်း ပဲကျန်တယ်
မိုးမိတ်လည်း စိတ်မချရသလို
မိုးမိတ်ကိုလည်းTNLAက ချောင်းနေတာ
မဘိမ်း ကတော့ လုံးဝမငြိမ်းချမ်းပဲ
KIA+PDF တွေအမြဲရှိနေပြီးတိုက်ပွဲတွေဖြစ်နေတာ။

Post a Comment

Previous Post Next Post