တိုင်းပြည်လွတ်လွပ်ရေးအတွက်ဗြိတိသျှ တွေကို တိုက်ထုတ်ဖ်ို့လူမိုက်အလ်ိုရှိသည်တဲ့

တိုင်းပြည်လွတ်လွပ်ရေးအတွက်
ဗြိတိသျှ တွေကို တိုက်ထုတ်ဖ်ို့
လူမိုက်အလ်ိုရှိသည်တဲ့။ကိုလိုနီ
ခေတ်က သတင်းစာကြော်ငြာဖြတ်ပိုင်း
လေးတစ်ခု။ဂီဒုန်ဆိုတဲ့ KIA ရဲ့
အင်အားရာချီ စစ်ပြင်ဆင်ထားတဲ့
ခံစစ်စခန်းကိုတိုက်တော့ မပခတပ်တွေဟာ
သံဖိနပ်တွေစီးပြီး မိုင်းကွင်းက်ို ဖြတ်ပြေး
သူရဲသူဘက်စီးသလို ပြေးဝင်ခဲ့ကြသတဲ့။
အခုကျသွားတဲ့ ပွိုင့်၂၂၀၂ ကို
ရဖို့ တပ်မ ၆၆ ဟာ ၂လလောက်
အသေအချာပြင်ဆင်တိုက်ခဲ့ရတယ်။
တရုတ်ဖြစ် စနိုက်ပါတွေ မြန်မာပြည်ဖြစ်
စနိုက်ပါတွေရဲ့အားပြိုင်ပွဲဆိုလည်း
မမှားဘူး။ ၂၀၁၁ လွိုင်ဇာအပေါက်ဝကို
ရောက်မှ ပြန်ဆုတ်ခိုင်းတဲ့အချိန်မှာ
စစ်သည်တစ်ချို့ဆို ဝမ်းနည်းလွန်းလို့
မျက်ရည်ကျ ကျခဲ့ဘူးသတဲ့။
လောက်ကိုင် တိုက်ပွဲမှာ
တစ်ဖက်ရန်သူ လှမ်းပစ်တဲ့
လက်ပစ်ဗုံးကို လေထဲမှာတင်
လိုက်ဖမ်းပြီး လေထဲမှာတင်
ပြန်ပစ်တွေတောင် လုပ်ခဲ့ကြသေးသတဲ့။
၂၀၁၁-၂၀၁၂-၂၀၁၃ သုံးနှစ်လုံး
ဘော်စဲခိုဒေသမှာ စကခ ၄ ဝင်ခဲ့တုန်းက
မိုင်းထိခဲ့တဲ့ ဖြစ်စဥ်တွေက
တပ်တိုင်းနီးပါးပဲ။အဲ့ဂွင်ကအပြန်
၂၀၁၃ ထီလာအရေးအခင်းဆက်ဝင်
အရေးအခင်းက အပြန် Refit ဝင်ပြီး
မဲသဝေါ မာနယ်ပလော မဲလ မော်ဖ်ိုးကေ
ကို ဆက်ဝင်ခိုင်းတုန်းကလည်း
ဘယ်သူမှ တချက်မငြီးကြဘူး။
အခြေအနေ အကြောင်းရာတွေကြောင့်
လေထီးသင်တန်းမတက်ရသေးတဲ့
အရာရှိ စစ်သည်တွေကို တပ်တွေ
ပြောင်းရွေ့ကြတော့ စစ်သည်တစ်ချို့ဆို
သူတို့ရဲ့ လူမိုက်သူငယ်ချင်းတွေနဲ့
ခွဲရမဲ့ အရေး မျက်ရည်လည်ခဲ့ကြသေးတယ်။
မာနယ်ပလောကိုသိမ်းပိုက်ရမိတော့ တပ်မ ၄၄ က
ချေမှုန်းရေးတပ်ရင်းတွေက
ဘာပစ္စည်းမှ မယူပဲ ရန်သူတွေဖတ်ခဲ့တဲ့
Play Boy မဂ္ဂဇင်းတွေနဲ့
ပွတ်ချွန်းလိပ်သောက်ကြသတဲ့။
သူတို့ ဆေးလိပ်မသောက်ရတာ နှစ်ပေါက်နေပြီတဲ့။
ဗိုလ်ချုပ်မောင်လှကို သေနတ်တွေရဲ့
နတ်ဘုရားဆိုပြီး တင်စားရေးသား
ကြတဲ့ ခေတ်ကပေါ့။
သူးမွဲထ မြစ်ဆုံ က မိုင်းအတိခင်းထားတဲ့
ရှေးဟောင်းစေတီတော်လေးကို
တောပန်းကလေးတွေ ကပ်ဖို့အသွား
ခြေထောက်နှစ်ဖက်လုံး မိုင်းထိပြီး
ဖင်တရွတ်တိုက်နဲ့ ပန်းလေးတွေကပ်ရင်း
ကျသွားတဲ့ ရဲဘော်လေးတွေတွေ့ဘူးတယ်။
ဘော်စဲခိုအဝင် နတ်စင်ကုန်းဆိုတဲ့
ကာကင်းစခန်းလေးဘေးမှာ
အာဇာနည်ကုန်းဆိုတဲ့ သုသာန်လေး
ရှိတယ်။ခေတ်အဆက်ဆက်က
ကျဆုံးသွားတဲ့ အညတြ စစ်သည်တွေရဲ့
ဝိညာဥ်တွေရှိတယ်။
ကျောက်စာမလုံလောက်တဲ့ သူရဲကောင်းတွေပေါ့။
ဦးစက္ကိန် ကျောင်းတိုက်ပွဲမှာ ဂျစ်ကားကို
မောင်းဝင်မောင်းထွက် ပစ်လိုက်
ကျည်သွားဖြည့်လိုက် လုပ်ခဲ့ဘူးတဲ့
ဗိုလ်တိုက်ချွန်းလို သူရဲကောင်းတွေရှိခဲ့ဘူးတယ်။
ဆပ်ခ်ျဗဟာဒူးရိုင်းဆိုတာ
ကျည်ဆန်ပြီးတဲ့ လူသားလေလားလို့
KNDO တွေရဲ့ မှတ်တမ်းတွေ ရှိခဲ့ဘူးတယ်။
ပဲနွယ်ကုန်းတံတားတိုက်ပွဲမှာက
လှသောင်းဆိုတာ ဂရိစစ်နတ်ဘုရားတဲ့။
ဗိုလ်မှူး အေးချို ဆိုတာကတော့
မြန်မာဆွန်ဇူး ပါပဲတဲ့။
ခြူးရွေပန်ကောက်ကပြောတယ်
ဗိုလ်ချုပ် စစ်မောင်ဆိုတာ
မကြွေတဲ့ပန်းတပွင့်။
မုံကိုးတိုက်ပွဲမှာ တပ်မ၉၉ နဲ့
ချေမှုန်းရေးတပ်တွေဟာ
သူရဲသူဘက်စီးနင်းနေသလို
တရကြမ်း နင်းကြမ်းတိုက်ခဲ့သတဲ့။

မော်ဖိုးကေ စခန်းဘေးက တောင်ကုန်းမှာ
ပွိုင့်ဖိုက် ပစ်ပေါက်ကို ကိုယ်လုံးနဲ့
တက်ပိတ်ပြီး ရအောင်တိုက်ခဲ့သူတွေရဲ့
လှဲလျောင်းရာ အရိုးဂူလေးတွေရှိတယ်။
ဟိုက်ကမ်းပါးမှာလည်း ဝေလည်းမွှေးတဲ့
အစိမ်းရောင်းပန်းတွေအများကြီးတဲ့။
ခတ်ကျွဲမှန်ရင်တော့ ဂျိုဂျက်ဘယ်ကင်း
ကြမလည်း။ ရန်သူ့စနိုက်ပါကြီး
ကိုင်ပြီး မာန်ပါပါ ရပ်နေတဲ့
မိမိစစ်သည်တွေရဲ့ ပုံကို မြင်ချင်တယ်။
ဒုတိယ အဂ်လိပ် မြန်မာစစ်ပွဲမှာ
ကျဆုံးသွားတဲ့ ဗမာစစ်သည်တွေရဲ့
လက်ထဲက ဓါးတွေဟာ သွေးစေးတွေနဲ့
စေးကပ်ပြီး ခွာမရလို့ ဓါးနဲ့အတူ လူတွေကိုပါ
မှတ်တမ်းတင်ခဲ့တဲ့ ဗြိတိသျှတပ်ရင်းတွေ
ရှိခဲ့ဘူးတယ်။

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို
ပြန်အပ်မယ် အရင်ကလို
ခြေအကောင်းလက်အကောင်းပဲပြန်ပေး။
စစ်ဆက်တိုက်ချင်တယ်ဆိုတဲ့
ရဲဘော်တွေ အများသား။

အခုလည်း  "လူမိုက်​အလိုရှိသည်။"

-ကပ္ပတိန်ဝန-

Post a Comment

Previous Post Next Post