စစ်အတွက်ပြင်ဆင်နေကြမယ့်တိုင်းချစ်ပြည်ချစ်နိုင်ငံသားတွေအတွက်

ဒီအခြေအနေနဲ့တပ်မတော်နေ့ကလုပ်ဦးမှာလားဆိုကြလို့ပါ
*


လုပ
်ကိုရမယ်

လာမယ့်မတ်လ ၂၇ရက် တပ်မတော်နေ့အခန်းအနားဟာသမိုင်းဝင်ဖြစ်သင့်တယ်။

မြန်မာဆိုတဲ့နိုင်ငံတော်ရဲ့ရှေ့အရေးကိုမျှော်မြင်အဖြေရှာထားတဲ့မြင်ကွင်းကိုချပြရမယ်။

မြန်မာ့တပ်မတော်ရဲ့အစဉ်အလာကိုဘယ်လိုဆက်လက်ထိမ်းသိမ်းပြန်လည်ထူထောင်သွားမယ့်အမျှော်အမြင်နဲ့အစီအစဉ်ကိုချပြရမယ်။

မြန်မာဆိုတဲ့ဖြစ်မှုကိုလေးစားတန်ဘိုးထားသူတိုင်းရဲ့အင်အားကိုရယူရင်ဆိုင်ကျော်ဖြတ်ဖို့ပြန်လည်စုစည်းကြတဲ့အခါသမယဖြစ်ရမယ်။

တပ်မတော်ရဲ့စဉ်လာကိုမြတ်နိုးထိမ်းသိမ်းလိုအားလုံးရဲ့အင်အားတွေစုစည်းနိုးထကြရမယ့်အခါသမယဖြစ်ရမယ်။

တပ်မတော်ရဲ့အင်အားဟာတာဝန်သိပြည်သူအားလုံးရဲ့ပါဝင်မှုကနေသာထက်မျက်ကြီးထွားနိုင်မယ်။

အစဉ်အလာကြီးတဲ့အကြီးအကဲဟောင်း/သစ်များပြန်လည်စုစည်းအဖြေရှာကြတဲ့အခါသမယဖြစ်သင့်တယ်။

မတိုင်ခင်လေးမှတပ်မှုးကြီးများညီလာခံ Virtual စံနစ်နဲ့တပ်မတော်တစ်ရပ်လုံးအတိုင်းအတာနဲ့လုပ်ပေးနိုင်ရင်ပိုကောင်းတယ်၊

ယနေ့အိုင်တီခေတ်မှာ အဆင့်အလွှာအနည်းဆုံး Flat Structure ဖြစ်မှတစ်ဖက်ကိုထိထိရောက်ရောက်ရင်ဆိုင်နိုင်မယ်။

အောက်ခြေနဲ့အထက်ဆုံးအကြားတစ်ဆင့်လောက်ဘဲကြားခံမှအလျှင်အမြန်ပြောင်းလဲနေတဲ့အခြေအနေတွေနဲ့တပြိုင်နက်ကွပ်ကဲနိုင်မယ်။

အဆင့်ဆင့်စံနစ်ကြီးကနေဖယ်ခွာရတော့မယ်။

လက်တွေ့မှာအသုံးမကျအလှုပေးနေရတဲ့လက်နက် ယန္တရားကြီးတွေလှည့်လည်မပြပါနဲ့တော့၊

နောက်ဆုံးနည်းပညာနဲ့တန်ပြန်ထိုးနှက်နိုင်မယ့် ဒရုန်းအပါအဝင်လက်နက်ဆန်းတစ်ချို့နဲ့ခင်းကျင်းရင်ကိုအားရှိကြမှာပါ။

စစ်သည်တွေထောင်ချီမလိုပါဘူး။
စစ်ရေးပြရဲ့သဘာဝပြည့်မှီရင်ရပါပြီ။

ရှုမြင်ချက်
မျှော်မြင်ချက်
ပိုင်းဖြတ်ချက်
တွေကြားချင်နေကြတယ်။

ရဲရဲတောက်မိန့်ခွန်းမျိုးမျှော်နေကြတယ်။

စစ်ကာလတစ်ခုရဲ့အခန်းအနား၊

စစ်တိုက်နေကြတဲ့စစ်သည်တွေအတွက်၊

စစ်ထွက်ကြမယ့်စစ်သည်တွေအတွက်၊

စစ်အတွက်ပြင်ဆင်နေကြမယ့်တိုင်းချစ်ပြည်ချစ်နိုင်ငံသားတွေအတွက်l

တွန်းအားတစ်ခုအင်အားတစ်ခုရချင်ပါတယ်




မောင် ကောင်း ရိပ်


Post a Comment

Previous Post Next Post