ကရင်နီအိပ်မက် အဆုံးသတ် ရက်ပိုင်းအတွင်း ဆီဆိုင်က အရှုံးနဲ့ ပြန်လှည့်ရတော့မယ့် KNDF အကြမ်းဖက်နဲ့ အကျအဆုံးမရှိ ထူးခြားလှတဲ့ PNO ရဲ့ နည်းဗျူဟာ





၁၁၁၁ စစ်ဆင်ရေးခေါင်းစဥ်နဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့အနေနဲ့ မြို့သိမ်းတိုက်ပွဲ မအောင်မြင်ခဲ့သဖြင့် လက်ရှိ လွိုင်ကော်နဲ့ နောက်ထပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် လက်နက်ခဲယမ်းတွေ စုဆောင်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရှမ်းမြောက်ကနေ လက်နက်ခဲယမ်းပေါင်းများစွာကို PNLO/PNLA အကူအညီနဲ့ ကရင်နီပြည်ထဲ ပို့ဖို့ ကြိုးစားရင် ဟိုပုံးမြို့နယ်ထဲက စံဖူးရွာအနီးမှာ တပ်နဲ့ PNO/PNA က တားဆီးရာကနေတဆင့် PNLO/A အဖွဲ့တွေဟာ ဆက်လက်သယ်ဆောင်ရန် မဖြစ်နိုင်တော့လို့ နောက်ဆုံး မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။


အဲ့ဒီလို လက်နက်တွေ ဆုံးရှုံးခဲ့ရတာကို မကျေနပ်တဲ့ အတွက် PNLO/Aနဲ့ KNDF နဲ့ ပူးပေါင်းပြီး ဆီဆိုင်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။ တပ်ကလည်း ကြိုသိနေလို့ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့ဟန်တူပါတယ်။ ပူးပေါင်းအကြမ်းဖက်အဖွဲ့အနေနဲ့ ဆီဆိုင်မြို့ထဲက ပြည်သူတွေကို အတင်းမောင်းထုတ်ခဲ့ပြီး မြို့ကို သိမ်းဟန်ပြ၊ မြို့ပြင်က တပ်ကို အတင်းဝင်တိုက်ခဲ့ပေမယ့် နည်းဗျူဟာ ပြောင်မြောက်လှတဲ့ တပ်က ယာယီဆုတ်ခွာပေးလိုက်ပြီး လက်နက်ကြီးတွေ၊ လေယာဥ်တွေနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လို့ KNDF အကြမ်းဖက်သမားတွေ အများအပြား ကျဆုံးခဲ့ပြီး အလောင်းတောင် မကောက်နိုင်တော့ဘူးလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။


ဒါ့ပေမယ့်လည်း မြို့သိမ်းတိုက်ပွဲ အောင်မြင်သယောင် ဘယ်သူ့မှ မရှိတော့တဲ့ ရုံးတကာရှေ့ ဓာတ်ပုံရိုက် လူမှုကွန်ရက်ပေါ်တွင် ကြွားလုံးထုတ်နေတဲ့ KNDF /PDF/PNLA အနေနဲ့ မြို့ပြင်တပ်နားမှာ အတုံးအရုန်းနဲ့ အလောင်းတောင်လိုပုံ ကျဆုံးနေတာကိုတော့ ဘယ်သူ့ကိုမှ မပြောရဲ ကြိတ်ပြီး ကြေကွဲ မြေမြုပ်ခဲ့တာလို့ သိရပါတယ်။ KNDF /PDF/PNLA အနေနဲ့ မြို့ကို သိမ်းယုံမဟုတ် ပြည်သူပိုင်ပစ္စည်းတွေကိုပါ ဖောက်ထွင်းခိုးယူသိမ်းဆည်းသွားခြင်းပါ ကျူးလွန်လုပ်ဆောင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က စတဲ့ နှစ်ဖက် ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ ရက်ပိုင်းအတွင်းမှာဘဲ ပြန်လည်ငြိမ်သက်သွားသယောင်ရှိလာပါတယ်။ ဒါ့ကလည်း ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းဖို့ လုပ်ဆောင်နေတဲ့ ပအိုဝ်းပြည်သူတွေ၊ PNO/PNA နဲ့ တပ်မတော် စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအကြမ်း ဖက်အဖွဲ့တွေကို ပအိုဝ်းဒေသကန ရဲရဲရင့်ရင့် မောင်းထုတ်ပြီး တည်ငြိမ်အေးချမ်းဖို့ အတွက် အစဥ်တစိုက်ကြိုးပမ်းလုပ်ဆောင်နေသော သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအား ပအိုဝ်းပြည်သူများကိုယ်စား ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ရေးသားလိုက်ရပါတယ်။

#ခွန်ရဲသွေး(TGI)

Post a Comment

Previous Post Next Post