၂၀၀၉ ခုနှစ် MNDAA မူးယစ်ဂိုဏ်းအား ဖြိုခွင်းခြင်း


MNDAA အဖွဲ့ဟာ နစကအစိုးရကို ၁၀၂၇ စစ်ဆင်ရေး အမည်တပ်ပြီး ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သလဲဆိုတော့ သမိုင်းကြောင်းတွေ ရှိပါတယ်။ အရင်းခံကတော့ ၂၀၀၉ ခုနှစ်(လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်) က ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်၊ ရန်လုံ ကျိုင်း၊ စီအော့၊ စီကော်လှံဒေသမှာရှိတဲ့ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ MNDAA ကိုးကန့် မူးယစ်ရာဇာဂိုဏ်းကို တပ်မတော်က ချေမှုန်းတိုက်ခိုက်ခဲ့တဲ့ ရန်ကြွေးကို ပြန်ဆပ်ဖို့နဲ့ မူးယစ်ဆေးဝါးစက်ရုံတွေ တည်ဆောက်ဖို့ နယ်မြေရလိုမှုကြောင့်ပဲ ဖြစ်ပါတယ်။

အရှေ့မှာ မူးယစ်ဆေးဝါးဖျက်ဆီးနိုင်ခဲ့မှု ရေးသားပြီး ဖြစ်ပါတယ်။ အခုပို့စ်မှာ MNDAA အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့အကြောင်းတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

(၂၈-၈-၂၀၀၉ ရက်နေ့)
MNDAA ကိုးကန့်သူပုန်များ အခြေပြုစခန်းချရာဖြစ်တဲ့ ကုန်းဆာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချေမှုန်းခဲ့ရာမှာတော့ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (၉၂) လက်၊ ကျည်အိမ် (၅၀)ခု၊ ကျည်အိမ်အဝိုင်း (၁)ခု၊ လက်ပစ်ဗုံးအသေး (၄၀) လုံး၊ TNT အားမြှင့်ယမ်း (၂၀) တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ တစ်နေ့တည်းမှာပဲ ရန်လုံကျိုင်းမှာရှိတဲ့ လက်နက်စက်ရုံကို ဆက်လက်ချီတက် ရှင်းလင်းတိုက်ခိုက်ရာ မှာတော့ လက်နက်မျိုးစုံ (၈၅)လက်၊ ကျည်မျိုးစုံ (၅၀၀) တောင့် ကျည်အိမ် (၂၀) ခုတို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။

(၂၉- ၈- ၂၀၀၉ ရက်နေ့)
စီအောရန်သူ့စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ (၇၁၀) လက်၊ ယမ်းဖာ (၁၃၉၇)ဖာ နဲ့ အခြားဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
-
(၃၀-၈-၂၀၀၉ ရက်နေ့)
ရန်သူထံမှ လက်နက်မျိုးစုံ (၃၅၆)လက်၊ ခဲယမ်းပုံး (၂၅၀) ပါ ဖောကားယာဉ် (ခဲယမ်းအပြည့်) (၂)စီး၊ မတ်တူးယာဉ်(ခဲယမ်းပါ) (၃) စီး၊ ယမ်းတိုက် (၁)လုံး (ခဲယမ်း၊ မိုင်း၊ ကျည် ကား (၆)စီးခန့်၊ တစ်ပါယာဉ် (တိုက်မိုင်း/နင်းမိုင်းပါ) (၁)စီးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ပစ္စည်းမျိုးစုံကိုအရေ အတွက်၊ နေရာ၊ ရက်စွဲအတိအကျ ဖော်ပြနေရင် စာရှည်သွားမှာ စိုးတဲ့အတွက် များများစားစားရရှိတဲ့ အရေအတွက်ကိုသာဖော်ပြပေးပြီး နောက်မှာပဲ အကုန်စုစုပေါင်း အချုပ်ကို ဖော်ပြပေးပါမယ်။
-
(၁-၉-၂၀၀၉ ရက်နေ့)
လက်နက်မျိုးစုံ(၁၅၄) လက်၊ ကျည်(၁၁၆၀၄)တောင့်၊ ကျည်အိမ်(၁၃၆) အပါ အခြား အစ္စည်းမျိုးစုံတို့သိမ်းပိုက်ရရှိခဲ့ပါတယ်။
-
(၉-၉-၂၀၀၉ ရက်နေ့)
လက်နက်မျိုးစုံ (၄၂)လက်၊ ကျည်မျိုးစုံ (၂၆၈၀)တောင့်နှင့် အခြားပစ္စည်းမျိုးစုံကို သိမ်းပိုက် ရရှိခဲ့ပါတယ်။
-
နေ့စဉ်ရက်ဆက်ဆိုသလို ဆက်တိုက်ရှင်းလင်း လာခဲ့ပြီး ၂၈-၈-၂၀၀၉ မှ ၂၉-၁၀-၂၀၀၉ ရက်နေ့အတွင်း မူးယစ်ရာဇာဂိုဏ်းကို ချေမှုန်းရှင်းလင်းရာမှာ သိမ်းပိုက်ရရှိတဲ့ အကျိုးအမြတ်စာရင်းအနှစ်ချုပ်ကတော့…..
ရန်သူ့အလောင်း (၄၉)လောင်း (လက်ဝယ်ရရှိ)
-  လက်နက်ကြီးမျိုးစုံ (၁၅)  လက်
-  လက်နက်ငယ်မျိုးစုံ (၁၅၂၆)လက်
-  ခဲယမ်းမျိုးစုံ (၁၈၄၇ဝ၉၄)တောင့်
-  ဗုံးသီး/ဒုံးသီးမျိုးစုံ (၁၁၄ဝ)လုံး
-  မိုင်းမျိုးစုံ (၈၁၁၃)လုံး
-  XD-D2B မျိုးအစားဆသရစက်ကြီး (၂၅)လုံး
-  ဂျင်နရေတာ (၂)  လုံး
-  အမြန်အားသွင်းစက် (၃)  လုံး
-  ရန်သူ့အခိုင်အမာစခန်းကြီး (၅)စခန်း
-  လက်နက်စက်ရုံ  (၁)ရုံ
-  ပစ္စတိုစက်ရုံ (၁)ရုံ
-  လက်ပစ်ဗုံးစက်ရုံ (၁)ရုံ
-  စီးကရက်စက်ရုံ (၁)ရုံ
-  ခဲယမ်းတိုက် (၂)  လုံး
-  မော်တော်ယာဉ်မျိုးစုံ (၂၉)စီး
-  ဆန်အိတ် (၁၄ဝဝ)အိတ်
-  စစ်ဝတ်ပစ္စည်းမျိုးစုံကာလတန်းဖိုး (၈၅၅၅၂၂ဝဝ)ကျပ်ခန့်


မူးယစ်ရာဇာဂိုဏ်းကိုချေမှုန်းတိုက်ခိုက်ချိန်မှာ အကြမ်းဖက်သမားတွေဟာ ရင်ဆိုင် တိုက်ခိုက်ခြင်းမရှိဘဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ကိုယ်လွတ် ရုန်းထွက်ပြေးခြင်း၊ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကို ကြုံသလိုပစ်ထား ခဲ့ခြင်းတွေကိုလည်း တွေ့ရှိရပါတယ်။
-
ဒီတော့ တပ်မတော်က ပြည်ဖျက်၊ သာသနာဖျက် လူသားမျိုးနွယ်တွေကို ကောင်းကောင်းဒုက္ခပေးနေတဲ့ မူးယစ်ဂိုဏ်းသားတွေကို နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာခြင်း မရှိရလေအောင်၊ ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းသွား လေမလားဆိုတာကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစား ကြပါလို့ပဲ ပြောရမှာပါပဲ။
#KT


https://www.facebook.com/permalink.php?story_fbid=pfbid034N1YbRxTtvKrRAPYMQnRthQoY4o9XavfY76KixH1ox1q3h9yibYcLRFZs1wANEr3l&id=100093001909582

http://www.kothet.com/2024/01/mndaa_18.html

Post a Comment

Previous Post Next Post