အိန္ဒိယ-မြန်မာ နယ်စပ်အရေး အိန္ဒိယကြည်းတပ်စစ်ဦးစီးချုပ် စိုးရိမ်နေကြောင်း Northeast Now သတင်းဌာန ဖော်ပြ

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊
အိန္ဒိယနိုင်ငံ နယ်စပ်တစ်လျှောက် လုံခြုံရေးဆိုင်ရာ အနာဂတ်စိတ်မှန်းဖြစ်နိုင်ခြေများကို ထုတ်ဖော်ပြောကြားသည့်အနေဖြင့် အိန္ဒိယကြည်းတပ်စစ်ဦးစီးချုပ် မနို့ဂျ်ပန်ဒီက အိန္ဒိယ-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို စိုးရိမ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး မနို့ဂျ်သည် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလင်နက်ကိုင်များအကြား လှုပ်ရှားမှုများ၏ သက်ရောက်မှုကို အလေးထားပြောဆိုသည့် အနေဖြင့်နှစ်နိုင်ငံ နယ်စပ်အရေးကို စိုးရိမ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယမြောက်ပိုင်းနယ်စပ် အထူးသဖြင့် လာဒက်ဒေသ၏ အခြေအနေသည် ထိလွယ်ရှလွယ် အနေအထားမျိုးတွင် ရှိနေဆဲဖြစ်သည်ဟု မနို့ဂျ်က အိန္ဒိယ၏ Army Day မတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ထို့ပြင် ဘူတန်နိုင်ငံသားများသည်လည်း အိန္ဒိယ၏ နယ်နိမိတ်များတွင် ခိုလှုံရန် ကြိုးပမ်းနေကြောင်း၄င်းက ဆိုသည်။

🌸🍀https://t.me/luckylay584🍀🌸

Post a Comment

Previous Post Next Post