TNLA ရဲ့ စစ်ရေးရည်မှန်းချက်



၁။ဒီမနက် အချိုးခံလိုက်ရတဲ့ အီနိုင်းတံတားဆိုတာ လားရှိုးကနေ ဘာမှ ဝေးတာ မဟုတ်ဘူး။ သီပေါကနေ နမ္မတူ ဖြတ်ထွက်တဲ့ မိုင်းခွဲခံရတဲ့ တံတားကလည်း သီပေါကနေ သိပ်မဝေးဘူး။  ဆိုတော့...... သီပေါကို ကာကွယ်ဖို့ လိုလာပြီ။ သေချာတာကတော့ လားရှိုးတော့ မဆောင့်နိုင်လောက်သေးဘူး။ ရန်သူက  အစွန်အဖျားတွေ အရင်ကစားမှာပဲ။ လောက်ကိုင်ကို ပိတ်ညှပ်ထားသလိုမျိုး တနေ့ လားရှိုးက ဒီအတိုင်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ ကြိုတွေးထားရတော့မယ်။


၂။TNLA က မန်တုံအခြေစိုက် တပ်ရင်းကို ဖယ်ရှားပြီးပြီ။ နမ္မတူ ၃၂၄ ကလည်း ဆုတ်ပေးလိုက်ရပြီးပြီ။ သီပေါ၊ ကျောက်မဲ၊ လားရှိုးနဲ့ ကွတ်ခိုင် သိန္ဒီဟာ သူတို့လိုချင်တဲ့ ပထဝီနယ်မြေ လိုလားချက်ပဲ။ အခန့်မသင့်ရင် မိုးကုတ် မိုးမိတ်တောင် ပါသွားနိုင်တယ်။ ဒါ့ကြောင့်လည်း အရင်တလက မိုးကုတ်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ။ အပေါ် နမ့်ခမ်းကိုလည်း သိမ်းထားတာမို့ စစ်ရေးရည်မှန်းချက်နဲ့အတူ နိုင်ငံရေး ရည်မှန်းချက်ကို အကွက်ကျကျ ပုံဖော်နေတယ်ဆိုတာ သိသာတယ်။

၃။နမ့်ဆန်နဲ့ မန်တုံ ဒေသ ဟာ စကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးထားတာမို့ တပ်တွေဆုတ်ခွာရတာက အကြောင်း မဟုတ်ဘူးလို့ ဖြေသာရင်တောင် ပေးလိုက်ရတဲ့ ကိုယ့်စစ်သည်တွေအသက်က မနည်းလှဘူး။ လားရှိုး- သီပေါ- မူဆယ်နဲ့ ကွတ်ခိုင်လမ်းဟာ တရုတ်ရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းအတွက် အဓိက ကျတဲ့ လမ်းပိုင်းလည်း ဖြစ်တယ်။

၄။ တပ်စခန်းတွေ ကျခြင်း၊ မကျခြင်းက အသာထား၊ ရန်သူက ဒီနေရာတွေ ရခြင်း ၊ မရခြင်းက နောက်ထား။ လောက်ကိုင်ဒေသလို မြို့ကျေမှာကတော့ အသေချာဆုံးပဲ။ ဖြစ်မလာနိုင်အောင် တားနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ မြင်တော့ မြင်နေရပြီ။


(နရီမိုး)

Post a Comment

Previous Post Next Post