အင်အားနည်းပါးလာမှုကြောင့် ပြည်သူကို အသက်အန္တရာယ်ခြိမ်းခြောက်ဒုက္ခပေးဖို အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ AA ခဲဝါအဖွဲ


လတ်တလောကာလအတွင်း AA ခဲဝါအဖွဲအနေနဲ့ ဒေသခံပြည်သူလူထုကို အသက်အန္တရာယ်ခြိမ်းခြောက်တာတွေလုပ်ဆောင်နေဆောင်နေတယ်လို ဒေသခံသတင်းအရင်းအမြစ်ထံက အခုလိုသိရှိရပါတယ်။

"ဒီနေ့ နံနက်ပိုင်းမှာ AA အဖွဲက မောင်အေးဆိုတဲ့သူက တောင်ကုတ်မြိုနယ်၊ဖောင်းခါးကျေးရွာကို လာပြီး လက်ရှိတိုက်ပွဲတွေကြောင့် AA အဖွဲ့မှာ အင်အားနည်းလာလို့ လူငယ်တွေအနေနဲ့ လူမျိုးရေးအရ AAထဲကို မဖြစ်မနေဝင်ကြရမယ်၊ ကျန်တဲ့သူတွေကလည်း AAအဖွဲ့ ရပ်တည်နိုင်ဖို တစ်အိမ်ကို ငွေ ၅၀၀၀ကျပ်နဲ့ ဆန် ၁ပြည်စီ လစဉ်ပေးရမယ်၊ ဒါတွေကို မလိုက်နာရင် မလိုက်နာတဲ့သူမှန်သမျှ သတ်ပစ်မယ်"လို ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ ၎င်းထံက သိရှိရပါတယ်။

အခုလို ပြည်သူကို အတင်းအဓ္ဓမလူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းနေတာတွေဟာ လူအခွင့်အရေးကို ချိုးဖောက်ရာကျနေပြီး  ခဲဝါတစ်စု ကောင်းစားရေးအတွက် လူမျိုးရေးဗန်းပြလုပ်ဆောင်နေမှုသက်သက်သာဖြစ်တာကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှာ AA ခဲဝါအဖွဲတွေ ဆက်ပြီး တည်ရှိနေဖို့ ၎င်းတို့ ဒေသခံတွေအနေနဲ့ မနှစ်မြို့ကြဘူးလိုလည်း ထပ်မံသိရှိရပါတယ်။

Post a Comment

Previous Post Next Post