ထရန့်ရဲ့ နေတိုးအဖွဲအပေါ် မှတ်ချက်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံများ ဝေဖန်


ရုရှား ကျူးကျော်လာနိုင်ခြေကို ကာကွယ်ဟန့်တားရာမှာ ငွေကြေးလုံလုံလောက်လောက် မသုံးတဲ့ နေတိုးမဟာမိတ်နိုင်ငံတွေကို အမေရိကန်က အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို ပြောဆိုခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အနောက်နိုင်ငံ ထိပ်တန်းအရာရှိတွေက တနင်္ဂနွေနေ့မှာ တုန့်ပြန်ဝေဖန်ခဲ့ကြပါတယ်။

မဟာမိတ်အချင်းချင်း အကာအကွယ်မပေးဖို အကြံပြုချက် မှန်သမျှဟာ အမေရိကန်အပါအဝင် မိမိတိုအားလုံးရဲ့ လုံခြုံရေးကို ထိခိုက်စေမှာဖြစ်ကာ အမေရိကန်နဲ့ ဥရောပစစ်သားတွေကို အန္တရာယ်ကျရောက်စေနိုင်တယ်လို နေတိုးအတွင်းရေးမှူးချုပ် စတိုးလ်တန်ဘာ့ဂ်က ထုတ်ပြန်ချက်တစ်ခုမှာ ရေးသားပါတယ်။

“နေတိုးအပေါ် တိုက်ခိုက်မှုမှန်သမျှဟာ စုစည်းညီညွတ်တဲ့ ပြင်းထန်သော တုန့်ပြန်မှုနဲ့ ကြုံရမှာဖြစ်တယ်” လို ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလီကင် သမ္မတလောင်းဖြစ်လာဖိုများနေတဲ့ ထရန့်ရဲ့ ပြောဆိုချက်တွေအပေါ် သူက တုန့်ပြန်သွားခဲ့ပါတယ်။

Post a Comment

Previous Post Next Post