ဂုဏ်ယူစွာနဲ့ ပါဝင်ထမ်းဆောင်ကြဖို့


ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမားတွေရဲ့ သွေးထိုးမှုကြောင့် သို့လော သို့လော ဖြစ်နေကြတဲ့ လူငယ်တွေကို ပြောချင်တာက နိုင်ငံတကာမှာလည်း အသက်ပြည့်ပြီးသူတိုင်း နိုင်ငံကိုကာကွယ်ဖို့အတွက် စစ်မှုထမ်းရတာပါပဲ... မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး... အခုအချိန်မှာ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံမှာ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပြီဆိုတာ ဦးနှောက်ရှိတဲ့သူတိုင်း သိမှာပါ... မြို့သိမ်းတိုက်ပွဲဆိုတဲ့ ခေါင်းစဉ်တွေကြောင့် ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်... ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အစွဲတွေနဲ့ အကြမ်းဖက် PDF တွေရဲ့ သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေအပြင် အပြစ်မဲ့ပြည်သူတွေ အများကြီး သေဆုံးခဲ့ရတယ်... အဲဒီတော့ လက်နက်ကိုင် ထင်ရာစိုင်းပြီး နိုင်ငံနဲ့ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို အမြစ်ပြတ်ချေမှုန်းပြီး နိုင်ငံကိုကာကွယ်နိုင်ဖို့ နိုင်ငံကိုချစ်တဲ့ လူငယ်တွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက မပါဝင်သင့်ဘူးလား??? သောင်းကျန်းသူတွေ အမြစ်ပြတ်သွားမှ နိုင်ငံအတွင်းက ပြည်သူတွေလည်း အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားလာနိုင်မှာပါ... နောက်ပြီး လူငယ်တွေဆိုတာ အနာဂတ်မှာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာမယ့်သူတွေပဲ... အဲဒါကြောင့် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေအနေနဲ့ အခုအချိန်ကတည်းက နိုင်ငံကိုကာကွယ်ဖို့အတွက် စိတ်အားထက်သန်နေသင့်ပါတယ်.... ပြည်ပြေးတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ သွေးထိုးမှုကို နားယောင်မနေဘဲ နိုင်ငံအေးချမ်းသာယာဖို့အတွက် ခေါင်းဆောင်စိတ်ဓာတ်တွေမွေးပြီး အကြမ်းဖက်သောင်းကျန်းသူတွေကို အမြစ်ဖြတ်ဖို့ နိုင်ငံ့တာဝန်တွေကို တစ်ဖက်တစ်လမ်းကနေ ဂုဏ်ယူစွာနဲ့ ပါဝင်ထမ်းဆောင်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်....

Post a Comment

Previous Post Next Post