*သွေးကြောင်ရင် ဘေးရှောင်နေလိုက်*


ဗမာတွေ အဲ့လောက် သွေးမကြောင်ပါဘူး။ သူတို့ စစ်မှုထမ်းကြလိမ့်မယ်။
-
တပ်မတော်က သူတို့ကို မိမိနောင်တော်ညီတော်တွေလို ကြိုဆိုပြီး ကာကွယ်ရေးပညာကို သင်ကြား ပေးပါလိမ့်မယ်။
-
အဲ့ထဲက ပညာအရည်အချင်းရှိသူတွေ တိုက်ရည်ခိုက်ရည်ကောင်းသူတွေဟာ ပြန်တမ်းဝင်အရာရှိတွေ ဖြစ်လာလိမ့်မယ်။
-
နောင် ၁၀ စု နှစ် ၁ ခုကြာတဲ့အခါ တပ်မတော် နှင့် ပြည်သူ တစ်သားတည်း ဖြစ်သွားလိမ့်မယ်။
-
အဲ့ဒီကာလမှာ စစ်မှုမထမ်းဖူးသော လူတွေဟာ သိမ်ငယ် လာလိမ့်မယ်၊ အားနည်းချက် ဖြစ်လာလိမ့်မယ်။ အလုပ်အကိုင် အခွင့်အလမ်း အားလုံးမှာပင် မင်းစစ်မှုထမ်းဖူးလား ဆိုတဲ့ အင်တာဗျူးကို အရင် ဖြေကြရလိမ့်မယ်။
-
ပြည်တွင်းသောင်းကျန်းမှုကတော့ မဖြစ်မနေ နှိမ်နင်းရ လိမ့်အုံးမယ်။
-
လက်နက်ကိုင် တိုင်းရင်းသားအမည်ခံတွေက တစ်အိမ် ၂ ယောက် တစ်အိမ် တစ်ယောက် မဝင် မနေရ စနစ်ကို ကျင့်သုံးနေတာကြာခဲ့ပါပြီ။ တပ်မတော် ကသာ ယခုမှ စတင်တာပါ။
-
ပြည်ပြေးတွေ ပြည်ဖျက်မီဒီယာတွေ ပြည်ပလက်ဝေခံတွေဟာ တပ်မတော်နဲ့ ပြည်သူကို ဝါဒရေးရာအရ မဟုတ်မမှန်သတင်းတွေနဲ့ သွေးခွဲခဲ့တာကြာပါပြီ။
-
အကယ်၍များ မြန်မာလူငယ်တွေ ကာကွယ်ရေးပညာတတ်သွားရင် သူတို့လိုသလို ချယ်လှယ်အသုံးချဖို့ ခက်ခဲသွားမယ်။ တနည်းအားဖြင့် ပြည်ပမှာနေထိုင်စားသောက်ဖို့ သူတို့စားပေါက်တွေပိတ်သွားလိမ့်မယ်။ သူတို့ ဒါကိုအရမ်း ကြောက်ကြတာပါ။
-
နောက်တစ်ချက်က မူဝါဒအားဖြင့် နိုင်ငံတော်အပေါ်ထားသော တပ်မတော်၏ ရပ်တည်ချက်အစစ်အမှန်က ဘာလဲဆိုတာ မြန်မာလူငယ်တွေ သိလာကြတဲ့ အခါ သူတို့ရဲ့ လိမ်လည် ဝါဒ ဖြန့်ချက်တွေပေါ်ပေါက်လာမှာ ဖြစ်လို့ပါပဲ။
-
သေချာတာတစ်ခု က စစ်ဘက်/နယ်ဘက်ဆက်ဆံရေးဟာ ယခုထက် များစွာကောင်းမွန်လာပါလိမ့်မယ်။

https://t.me/kohninmg777

Post a Comment

Previous Post Next Post