မန်းမြို့စည်ပင်က အခုလို လုပ်လိုက်တော့

နန်းမြို့ရိုးရဲ့
အိနြေ္ဒကို ထိခိုက်စေတယ်လို့ ခံစားမိတာပဲ။

နန်းမြို့က
သူ့ရဲ့ ခန့်ထည်မှုနဲ့ ပဒေသရာဇ်တို့ရဲ့ နေဝင်ချိန်ကို
အိနြေ္ဒရရနဲ့ ပြနေတာပါ။

မန်းမြို့စည်ပင်က အခုလို လုပ်လိုက်တော့

အသက် ၇၀ ကျော် မြန်မာအမျိုးသမီးကြီးက
ဆံထုံးကြီးထုံး
နှုတ်ခမ်းနီ ရဲပဒေါင်းခတ်နဲ့ မျက်နှာရောင်စုံခြယ်
ဗမာရင်ဖုံး အင်္ကျီကို ဒူးအထက် စကပ်တိုနဲ့ တွဲဝတ်ပြီး
ပြီတီတီနဲ့ ပြုံးပြနေသလိုကြီး ခံစားရတယ်။

အလုပ်ရှိမှ ဘတ်လို့ရတာလည်း ပါပေ မပေါ့လေ။

Ko BM

Post a Comment

Previous Post Next Post